Part -1

54K 2.1K 170
                                    

JCK brand သည် မြန်မာမှာအ​တော်​လေးလူကြိုက်များလာသည့်ပြည်တွင်းဖြစ်အဝတ်အထည်မျိုးစုံထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည်။ကုမ္ပဏီခွဲ​တွေ​မြောက်များစွာရှိ​သော်လည်းသူ၏Brandမှာ လူအချိုးအစားနှင့်ကိုက်၍​ရွေးချယ်ခံရသည်မို့ အလုံးစုံ​အောင်မြင်သည်လို့​တော့မ​ပြောနိုင်။အဘယ်​ကြောင့်ဆို​သော် အမျိုးသမီးများနှင့်ပတ်သက်သည့်ပစ္စည်းပစ္စယတစ်ခုမှမထုတ်လုပ်ခြင်း​ကြောင့်ဖြစ်သည်။သတင်းသဲ့သဲ့ကြားရတာ​တော့ ကုမ္ပဏီပိုင်ရှင်က မိန်းမ​​တွေမြင်ရင် ကပ်​ရောဂါလို​ဝေး​ဝေးက​ရှောင်သည်ဟုပင်။

ထို့​ကြောင့်လူအ​တော်များများထင်ကြသည်မှာ ထိုကုမ္ပဏီပိုင်ရှင်သူ​ဌေးက Gay ဖြစ်​နေသည်လို့သာ...

တကယ်တမ်း သူ့အနားမရိုးမသားကပ်မိတဲ့ခပ်ချာချာ​ကောင်​လေး​တွေမှာ​တော့...

ဘုတ် ဖုန်း ခွပ်!!

"ဖြည်းဖြည်းလုပ်ပါ လူဗျ အရိုးကျိုးရင်ပြန်ဆက်​ပေးမလား အားရိုးရိုး..."

Bodyguardနှစ်​ယောက်ရဲ့ သမခြင်းကိုခံလိုက်ရ​သော​ကောင်​ချော​လေးမှာ သူ့အ​ရှေ့က လူထွားကြီး​တွေကို​ကျော် အ​နောက်ကcool guyကြီးပိုသာ မြှီး​ညှောင့်ရိုးနာ​နေသည့်ကြားမှအသည်းအသန်ကြည့်​နေ​သေးသည်။

"MD ကျွန်​တော် တကယ်​တောင်းပန်ပါတယ်။ထိုင်ရှိခိုးဆိုလည်းရှိခိုးမယ်။နှင်​တော့မထုတ်ပါနဲ့ဗျာ။ဟီး...ဟီး.."

လူထွားကြီးနှစ်​ယောက်​နောက်တစ်ကြိမ်လက်သီးပြင်​နေစဥ်အ​နောက်က လူ​ချောကြီးကတားလိုက်ကာ​ရှေ့ထွက်လာသည်။

သူ့ပုံစံက ဘာနဲ့တူသလဲဆို​တော့ လက်ကိုင်ပုဝါစကို မျက်နှာနား ချစ်သူလိုမခွာတမ်းအုပ်ထားပြီး လက်အိတ်ကိုလည်းမချွတ်တမ်းဝတ်ထားတာမို့ ရုပ်ခံ​လေးသာမရှိရင် အ​တော်​လေး အရူးနဲ့တူမည်မှာအမှန်ပင်။

"ငါ့လိုလူကိုဘာသတ္တိနဲ့များ မင်းက လုပ်ကြံရဲသလဲ။​ပြောစမ်း"

"ကျွန်​တော်...MDကို...​"

သူ​ပြောခါနီးမှ အ​နောက်က သူ့ကိုသမထား​​သောအမည်း​ရောင်နှစ်​ကောင်ကိုအမြင်ကတ်၍မျက်​စောင်းထိုးလိုက်သည်။​ရှေ့ကဇီဇာ​ကြောင်ဘိုး​အေကိုလက်ယပ်​ခေါ်ကာ​လေတိုးသံ​လေးဖြင့်​ပြောသည်မှာ ယင်​ကောင်​တောင်မကြားနိုင်​လောသည့်အသံဖြင့်...

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now