Part-9

6.7K 700 25
                                    

​ဒေါက်တာဥာဏ်သစ်​ဆေးမှတ်တမ်း​တွေကြည့်ပြီး​နောက် ချိန်းထားတဲ့လူနာစာရင်းကိုပြန်စစ်ရင်း​ဂျူတီကုတ် ခဏချွတ်လိုက်မိသည်။

"ရာသီဥတုပူလိုက်တာ...
​ဆေးရုံကလည်းair-conပျက်​နေတာမပြင်​ပေးဘူး။ဟူး...ငါ့ဟာငါအိတ်စိုက်ရမယ်ထင်ပါ့.."

လူပျိုကြီးစိတ်ညစ်ညစ်နဲ့ညည်းပြီးnecktieကို​ဖြည်လျှော့လိုက်သည်။

​ဒေါက် ​ဒေါက်...

"ဝင်ခဲ့ပါ။"

လူနာ​ရောက်တယ်ဆိုရင်​တောင်ဂျူတီကုတ်ပြန်မဝတ်နိုင်​သေး၍အင်္ကျီကိုသပ်သပ်ခတ်ခတ်ပြန်ပြင်လိုက်ရသည်။လာ​ဆွေး​နွေးကြတာက စိတ်​ဝေဒနာရှင်​တွေမို့လို့သာပဲ။လူပျိုကြီးလည်း အလှကြိုက်တဲ့သူပင်...

စောင်ကြီးခြုံပြီးဝင်လာတဲ့ သူ​ကြောင့် ဥာဏ်သစ်​ကြောင်သွားရသည်။လူနာက အဖျားကြီး​နေတာလား။အ​ထွေ​ထွေ​ရောဂါကုဆီမသွားဘဲ ဒီကိုဘာလာလုပ်တာပါလိမ့်။

"အယ်...ကိုသထုံဘယ်လိုဖြစ်တာတုန်း"

​စောင်ခြုံထဲကလူမျက်နှာလည်းမြင်​ရော ဥာဏ်သစ် ကမန်းကတမ်းထရပ်ပြီး ​မေးရ​တော့သည်။

ဒီလူကြီးဖျား​နေတာလား။

"ကျုပ်ရှက်လို့ ​ဒေါက်တာ​ရေ...​နောက်ဆို အိမ်မှာပစ္စည်းအစုံဝယ်ထားပါ့မယ်။အိမ်ကိုပဲကြွပါ.."

"​ဟောဗျာ...အရင်ကလည်းဒီလိုပဲ​ဆွေး​​နွေး​နေကြ​လေ...အခုမှဘယ်လိုဖြစ်.."

"ကျုပ်​နောက်ကို​​နောက်​ယောင်ခံ​နေတဲ့ ​ခွေးသူခိုး​လေး​တွေရှိ​နေလို့ ​ဒေါက်တာ​ရေ...ဟိုအ​ကောင်တံခွန်သစ်ကလည်းဆက်သွယ်လို့မရ။ ပြီး​တော့... မ​နေ့က အိပ်မက်ဆိုးကြီးနဲ့ထိပ်တိုက်​တွေ့​တော့မလို့..ကံ​ကောင်းသွားတယ်...ခု​ပြောရင်း​တောင်ကြက်သီးထလိုက်တာဗျာ..."

ဥာဏ်သစ် သူ​ပြောတာအသာထား။ခဏ​နေ မိန်းက​လေးလူနာ​ရောက်လာချိန်တန်ပြီမို့ဧဃသထုံနဲ့အတူရှိလို့မဖြစ်။ကိုယ့်လူနာအ​ကြောင်းကိုယ်သိ​နေ​တော့ခက်သည်။

"ကိုသထုံ...ကိစ္စက အ​ရေးကြီးတယ်ဆိုရင် appointmentကြိုယူ​ပေး​ပါဗျာ...အခုကုထုံးပြီးမှပြန်​ရောက်လာ​တော့ ကျွန်​တော်အံ့ဩ​နေတာ.."

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now