Part-21

4.7K 528 35
                                    

"ဧဃသထုံ ​အောက်ထပ်ခဏဆင်းခဲ့"

"ဟုတ်ကဲ့ ​မေ​မေ"

စာအုပ်ဖတ်​နေရင်းက ​မေ​မေ့အသံ​ကြောင့် သထုံ အခန်းထဲကထွက်လာလိုက်သည်။ ​ဖေ​ဖေနဲ့ကွဲပြီးတည်းက ​​အေးစက်စက်ဖြစ်သွားခဲ့တဲ့​မေ​မေဟာ သူ့အ​ပေါ်နူးညံ့ညင်သာမှုမရှိ​တော့ပါ။ အမြဲတမ်းစီးပွား​ရေးမှာသာအာရုံစိုက်ထားပြီး ​ဖေ​ဖေသိပ်တူတဲ့သူ့မျက်နှာကို​တောင်ကြည့်တာနည်းသည်။ ​ဒေါ်ခင်မာလာတွင်သားရှိမှန်းသိသူ​တောင်နည်းပါသည်။ ​မေ​မေက အမြဲအပြင်မှာအလုပ်များ​နေတာဖြစ်၍လူလွတ်လိုထင်ရသည်။

လှပတဲ့ အမျိုးသမီးတစ်​ယောက်ကိုဧည့်ခန်းမှာ​မေ​မေနဲ့ထိုင်စကား​ပြော​နေတာ​တွေ့ရ၍ သထုံရိုကျိုးစွာဝင်ထိုင်လိုက်သည်။

"​မေ​မေ သားကိုဘာခိုင်းမလို့လဲဟင်"

ခုနကပြုံးရယ်​နေ​သော​မေ​မေသည် သူ့ဘက်လှည့်သည်နှင့်​အေးစက်တည်တင်းသွားသည်။

"သထုံ... ဒါ မင်းရဲ့အ​ဒေါ်​တော်တယ်။ဒေါ်တင်မာလာတဲ့။​ငါနဲ့ကွဲကွာ​နေတဲ့ ညီမ​အရင်းပဲ။ဒီ​နေ့ကစပြီးသူဒီအိမ်မှာနေလိမ့်မယ်။ မင်းကိုလည်းစာသင်​ပေးလိမ့်မယ်။​ငါခရီးထွက်စရာလည်းရှိ​တော့ မင်းတစ်​ယောက်တည်းမဖြစ်​အောင်သူလာ​နေ​ပေးမှာ။"

"ဟုတ်ကဲ့​ ​မေ​မေ"

"မင်းကဆယ်တန်းမို့ သူ့ကို Guideသ​ဘော​ခေါ်တာလည်းပါတယ်။ မင်း သူ့စကားနား​ထောင်ရမယ်​နော်။ ငါဘာသံမှမကြားချင်ဘူး။"

ထိုအမျိုးသမီးသည် သူ့အ​ပေါ်ချိုသာစွာပြုံးပြ​နေ​သော်လည်း သထုံ့စိတ်ထဲ​နွေး​ထွေးမှုကိုမခံစားရပါ။အ​ပေါ်ယံသကာရည်​တွေလိုသာဖြစ်​နေ​လေသည်။

"သထုံ​လေး ပုဇွန်ဆီပြန်ကြိုက်လား အန်တီမာလာချက်ထားတယ်။ "

"သထုံ​ရေ ​ကျောင်းအင်္ကျီ​တွေ​လျှော်ထားတယ်။ အ​ဟောင်းကြီးမဝတ်နဲ့။"

"ဒီပုစ္ဆာကနည်းနည်းခက်တယ်။ အန်တီပြ​ပေးမယ်။"

စသဖြင့်တဖြည်းဖြည်းချင်းသူမက မိသားစု​နေရာကိုသိမ်းယူလာသည်။ ​မေ​မေသည် ​အန်တီမာလာနှင့် အ​နေနီးစပ်လွန်းပြီးသားဖြစ်သူထက် ညီမလုပ်သူကိုပိုယုံကြည်လာသည်။ အန်တီမာလာကလည်းအ​ပြောအဆိုညက်သလို အပြုံးမျက်နှာဖုံးကို အမြဲတ​စေတပ်ဆင်​လေ့ရှိသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now