Part-22

4.8K 523 102
                                    


"မဒီ​ရေ နင့်သား​အ​မွှေစိန်ဘယ်လို​နေလဲ။"

"အစ်ကိုကြီး... ​ပျောက်​နေလိုက်တာ
ခြံစိုက်ပြီး အမျိုး​တွေပါ​မေ့​နေတယ်​ပေါ့။ဟုတ်လား။"

​​ထောက်ကြန့်ဘက်မှာ​နေ​နေတဲ့ ထိထိဘကြီးက ဖုန်းဆက်လာ​တော့ မဒီလည်း အလိုက်သင့်​ဖြေ​ပေးရသည်။သူ့မှာတူအရင်းဆိုလို့ထိထိပဲရှိတာ​လေ။ထိထိ​လေးအ​ဖေဆုံး​တော့ မဒီတို့ကိုစိတ်မချလို့အတူလာ​နေချင်​ပေမဲ့ ခဲအိုလူပျိုကြီးနဲ့ ခယ်မ မုဆိုးမဖြစ်​နေ၍ပတ်ဝန်းကျင်အ​ပြော​တွေ​ကြောင့် အ​ဝေးကပဲ​ထောက်ပံ့​လေသည်။ပြီး​တော့ ထိထိဘကြီးသည် ပင်စင်ယူထား​သောတရားသူကြီး​ဟောင်းတစ်​ယောက်လည်းဖြစ်​လေသည်။

"နင့်သား င​မြွှေထိုးကိုသတိရလို့ဟ
ငါ့မှာ ပင်မှည့်သီး​တွေလည်းပို့ပေးချင်တာ။ မနက်ဖြန်လာခဲ့မယ်။ နင့်​ကောင်​လေး​တော့ကြို​ပြောထား မဒီ"

ဇမ်း ကိုကြည့်မရ၍ ထိထိဘကြီး ဦးလင်း​အောင်ကမဒီ့ကိုသတိ​ပေးတာဖြစ်သည်။

"ဟုတ်ကဲ့ပါ။ မဒီ သူ့ကိုအပြင်လွှတ်ထားလိုက်ပါ့မယ်။ အစ်ကိုကြီးတစ်​ယောက်တည်းရရဲ့လား။ "

"ငါ့များအထင်​သေးလို့... နင့်သားနဲ့​တောင် စက်ဘီးပြိုင်စီးလို့ရတယ်။မဒီ ​အေး ဒါပဲ။"

တိုတိုတုတ်တုတ်ပဲ​ပြောတတ်သူမို့ ဘုဂလန့်နဲ့ဖုန်းချသွား​တော့ မဒီလည်း ​လေပူမှုတ်ထုတ်မိသည်။ သားအရှုပ်သီး​လေးကို ချစ်ကြသူ​တော့များသား။ သူငယ်ချင်း​တွေကအစ ထိထိတစ်ခွန်းဆိုအကုန်ပါကြသည်။ထိထိအ​ဖေဘက်ကလည်း ဘကြီးလူပျိုကြီးတစ်​ယောက်ပဲရှိ​တော့တာဆို​တော့ အမျိုးအင်အားကနည်းလွန်းသည်။

"​မေ​မေ... သားဗိုက်ဆာတယ်။ ကြက်​ပေါင်​ကြော်​ပေး"

​ဒေါက်

"အ... မေ​မေ"

​ကျောက်ပတ်တီး​လေးကိုင်ထားရက်နဲ့ထိထိ​မေ​မေ့ကိုစူပုတ်ပုတ်ပြန်ကြည့်မိသည်။

"လက်ကျိုး​နေတဲ့က​လေးကိုမညှာမတာ ​မေ​မေ​ရော ဟိုလူကြီး​ရော အတူတူပဲ။ထိထိ​လေးကို ဘယ်သူမှမချစ်ကြဘူး အီး ဟီး ဟီး"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now