Part-15

5.8K 592 32
                                    

ထိထိတစ်​ယောက် အသည်းကြီးခိုင်းတဲ့ဆီမသွားခင် လမ်းမှာ အကိတ်​လေးကိုသွားရည်ကျ​နေသည်။သူ့လည်းအပြစ်မဆိုနိုင်ပါ​လေ.. လူဆိုတာ ​လောဘနဲ့မကင်းဘူးမလား။

"ပေါင်တံလေးကစင်းပြီး ရင်လေးကမောက်နေတာပဲ ဒီနေ့တော့မင်းကိုငွေကြေးနဲ့ သိမ်းပိုက်ရတော့မယ်

အစ်ကိုရေ ကြက်​ကြော် နှစ်ထောင်ဖိုးလောက်"

မြူ အမြင်ကတ်ကတ်နဲ့ ငတ်ကြီးကျ​နေတဲ့​ကောင်ကို Tissueလှမ်းပစ်​ပေးလိုက်သည်။

"သွားသိမ်း ​​ဟေ့​ကောင်...
က​လေးလည်းမဟုတ်ဘဲ သွားရည်က တ​တောက်​တောက်.. မင်းကို ဟိုဘဲကြီးမကြိုက်တာလည်းမ​ပြောနဲ့။တစ်စက်​ကလေးမှကိုကြိုက်ချင်စရာမရှိတာ"

ထိထိ ခါး​ထောက်ကြည့်ပစ်လိုက်သည်။ဒီ​​​ဂေါ်မစွံ​ကောင်ဟာ​လေ..သူမစွံတိုင်းသူများကိုပတ်ရမ်း​နေတာ..

"မင်းမှာရော.. ငါ့လိုချစ်ချစ်ကြီးရှိလား
ဘယ်ရှိမလဲ။ တစ်​နေ့ တစ်​နေ့သူများအ​ကြောင်းပဲစပ်စု​နေတာကိုး။ ငါတို့မင်္ဂလာ​ဆောင်ကျရင် မင်းကိုမဖိတ်ဘူး သိလား​ မြူခိုးစုတ်..."

"မဖိတ်လည်းနေ..လက်ဖွဲ့ဖိုးသက်သာတယ်။ ပြီး​တော့ ... မင်းအ​ပြောကြီးမ​နေနဲ့ဦး။ ဟိုဘိုး​တော်က သူ့အ​ခြေအ​နေနဲ့ အတည်ယူပါ့မလား။စဥ်းစား​နော်"

သူငယ်ချင်းအချင်းချင်းမို့ အတည်စိတ်ပူ၍သတိ​ပေးမှန်းသိ​သော်လည်း အခုတစ်ခါမြူ​ပြောလိုက်​သောစကားကထိထိရင်ထဲသံမှိုရိုက်သွင်းသလို​နစ်ဝင်သွားသည်။

"ငထိဘာစားမလဲ။ ရင်ပုံလား ​ပေါင်လား ငါ့တစ်​ချောင်း​ကျွေးဦး။ ငထိ..."

ကြက်​ကြော်ရပြီမို့ လှမ်း​မေးတာ​​တောင်မ​ဖြေ။ မျက်နှာဖြူဖြူကပြာနှမ်းပြီးမြူ့ကိုတစ်ချက်ကြည့်ကာလှည့်ထွက်သွားသည်မို့ပိုက်ဆံရှင်းပြီး​ပြေးလိုက်ရသည်။

"ဒီ​ကောင် ဘာဖြစ်သွားတာလဲဟ.."

ထိထိ​အ​တွေးထဲမှာ​တော့ Bossက သူ့ကိုမလိုအပ်​တော့ရင်ကန်ထုတ်မလားဟုစိုးရိမ်​နေမိသည်။

"မဖြစ်နိုင်ပါဘူး။ ထိထိ​လေးကဒီ​လောက်ချစ်ဖို့​​ကောင်းတာ.. အလိုလို​နေရင်း​တောင် ကိုယ်​ရောင်ကိုယ်ဝါ​တောက်​နေလို့ သိကြားမင်းနဲ့မှားနိုင်​သေးတယ်။ Bossကမျက်လုံးမကန်းရင်​တော့ ငါ့ကိုချစ်မှာပါ။ ဟုတ်တယ်  ငါ့ကိုချစ်မှာ
အဟင့် ဒီအရည်​တွေကဘာလို့မျက်လုံးထဲကထွက်လာတာလဲ။ပြန်ဝင်စမ်း"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now