Part-20

5.5K 540 131
                                    

ထိထိတစ်​ယောက် ရည်းစားသက်တမ်း​လေး လပိုင်း​ကျော်လာတာ​တောင် လှုပ်ရှားမှုမရှိတဲ့ အသည်းကြီးကိုကြည့်ပြီးစိတ်​လေလာတယ်။ ထိထိက​ရေလာ​မြောင်း​ဖောက်ရုံမက ဆည်ပါ​ဆောက်​နေတာ​တောင် ဒီလူကြီးက ဘာလို့ ဥပုသ်​​​စောင့်​နေရသတုန်း။ထိထိ​လေး တစ်​နေ့ တစ်​နေ့ပဲများပြရလွန်းလို့ လမ်းထဲက ​အောင်နက်တို့​တောင်မျက်စိ​နောက်ပြီးဝိုင်းဆွဲ​နေကြပြီ။ ချစ်ဆုံးကြီးက ထိထိကိုယ်​ပေါ်အခုထိလက်မတင်​သေး။ ထိထိ​လေး ​နေရာချင်းသာလဲလိုက်ချင်တယ်။ အဟုတ်...

"ထိထိ​ရေ... နင့်ဖုန်း​ဟေ့
​ကျောင်းသား​​ဟောင်း​တွေ့ဆုံပွဲဆိုလား။ သွားမှာလား။"

"စိတ်မပါဘူး။ ​မေ​​မေ...အဲ.. သွားမယ် သွားကိုသွားမယ်။ ထိထိလာခဲ့မယ်လို့​ပြောလိုက်ပါ ​မေ​မေ"

ထိထိငြင်းမယ်ကြံပြီးမှ အသည်းအသန် ​ပြောလိုက်တာအ​ကြောင်းရှိပါသည်။ သည်းသည်းကြီးအတွက်တိုက်စစ်စတင်ပါပြီ။ထိထိ​လေးလို အဆီတဝင်းဝင်း အသားတုံး​လေးကို လျစ်လျူရှုရဲတဲ့ခင်ဗျားကြီး ​တွေ့ပြီသာမှတ်။

မယ်မဒီ ဖုန်းကိုင်ရင်းပွစိပွစိနဲ့...

"အခု တစ်မျိုး ​တော်ကြာတစ်မျိုးနဲ့
စိတ်မှမှန်​သေးရဲ့လားမသိဘူး။ သူ့လင်နဲ့​ပေါင်းပြီးများ ​​ဂေါက်​နေသလားပဲ။"

ဧဃသထုံမှာ​တော့ရုံးခန်းထဲနှာတ​ချေ​ချေနဲ့သူ့အတင်းဘယ်သူ​ပြော​နေပါလိမ့်ဟုထိုင်​တွေး​နေမိသည်။

" MD  ပွဲကြည့်လို့ရပါပြီ။ အခုပဲသတင်းမှာ ပါလာပါတယ်။"

တံခွန်သစ် စကားက သူ့စိတ်ကို​​​အေးချမ်းသွားသည်။ လက်တုန့်ပြန်ခြင်းက ပူ​လောင်ရတယ်ဆိုရင်​တောင်သူ​ပျော်တယ်​လေ။

စီးပွား​ရေးကျားတစ်​ကောင်ရဲ့ ထိုးနှက်ခြင်းကချိုမြိန်ပါရဲ့လား ရှင်းရ​ဝေ...

"ဒီ Videoနဲ့ပတ်သက်ပြီး MDရှင်းရ​ဝေ ဘာများ​ပြောချင်ပါသလဲ။ "

"MDက လိင်တူစိတ်ဝင်စားသူလား။"

"ဒီထဲက လူက MDအတွင်း​ရေးမှူး​နော်"

"တကယ်ပဲ JCKကိုထိုးချဖို့လုပ်ကွက်လုယူခဲ့တာလားဗျာ"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now