Part-34

5.2K 496 156
                                    

ထိထိကို ဦးသထုံက ဘွဲ့ဝတ်စုံကိုကိုယ်တိုင်ခြုံ​ပေး၊ပြင်​ပေးသည့်အပြင်လုံချည်ဝတ်နည်း​တောင်​သေချာသင်​ပေးပြီးမှ အိမ်ကထွက်လာကြသည်။လမ်းမှာဘာပြဿနာမှမရှိဘဲ​ချော​မွေ့​နေခဲ့သည်။​ဘွဲ့ဦးထုပ်​တောင်​စောင်း​အောင် ထိထိက ကား​ပေါ်မှာ ​စိတ်လှုပ်ရှား​နေတယ်လို့အ​ကြောင်းပြပြီးဦးသထုံကြီးကို အခွင့်အ​ရေးအဝယူပစ်လိုက်သည်။ဘဲကြီးက ဒီ​နေ့မှ ရှားရှားပါးပါး ထိထိနဲ့ ပုဆိုးဆင်တူ ဝတ်လာတယ်​လေ... အသည်း​တွေယားချက်က မ​နေနိုင်ပါ။

သထုံ ထိထိလိုချင်လိုက်တာလို့ဆိုပြီး​ပြောခဲ့တဲ့ မီးခိုး​ရောင်အင်္ကျီကို ဝတ်​ပေးခဲ့သည်။သူက​တော့အဖြူ​ရောင်ကိုပဲဝတ်ဆင်ထားသည်။အကုန်ဆင်တူ​နေလျှင် လူ​တွေရိပ်မိမည်။

"ပိန်းဥ​လေး ​ဖေ​ဖေ မင်းဟို​ရောက်ရင် ​ကောင်မ​လေး​တွေမပြုံးပြနဲ့​နော်။ မဟုတ်ရင်ကိုယ်လှည့်ပြန်သွားမှာ... မင်းနဲ့ဓါတ်ပုံတွဲမရိုက်​တော့ဘူး။"

"အံမယ်... ဗိုက်တစ်လနဲ့ ဘွဲ့တက်ယူရတဲ့လူကိုလည်းသနားပါဦး။ ခင်ဗျားက​လေ ​စေးစရာမရှိ ကြံဖန်​စေးတယ်။လူကဖြင့်ဆန်ကြမ်းတင်မကဘဲဆန်ကွဲအဆင့်​တောင်​ရောက်​နေပြီ။"

"ထိထိ!!!"

သထုံ​အော်လိုက်​တော့လည်းသူမဟုတ်သလို မျက်နှာ​ပြောင်ကာ ကား​ပေါ်က​စွေ့ခနဲဆင်း​သွား​လေသည်။

မေ​မေတို့ကသူ့ထက်ကြို​ရောက်​နေကြသည်။
သို့​သော်သူ့​နောက်က ဦးသထုံကိုမြင်တာနဲ့ ​မေ​မေ့မျက်နှာက ပြုံး​နေရာကမဲ့ရွဲ့သွားသည်။ဦးသထုံကလည်း ​မေ​မေစိတ်တို​အောင် ထိထိနားကိုမလာဘဲ ​ခြေတစ်လှမ်းကု​ဋေတစ်သန်းနဲ့ ပဲ​ပေး​နေသည်။

"​မေ​မေ... ​စောသားပဲ။ ဇမ်း... ​အခုမှသေချာကြည့်မိတယ်။မင်းထက်ငါပိုကြည့်​ကောင်းတယ်ကွ ​နော်... "

"ဖြစ်ရမယ် သားရယ်... အ​ဖေထက်တစ်လကြီး​နေပြန်ပြီ။ငါ့ကိုမှီချင် မင်းAppeton ဝယ်​သောက်လိုက်ဦး။ ဂျပု​လေးထိထိရဲ့..."

"​ခွေးသူ​တောင်းစား..."

​မေ​မေနဲ့​ထွေးကအဖွဲ့ကျ​နေပြီး ဟိုနှစ်​ကောင်က အပူကင်းလို့ရှိုး​ပေး​နေသ​လောက် ထိထိ​လေးမှာ ဗိုက်​နဲ့ ​ဘေးကဗိုက်ပိုင်ရှင်ကြီး​ကြောင့် ​ပွေးချင်တိုင်းမ​ပွေးရပါ။ တကယ်ဆို ဒီ​နေ့က  DJ-shake နဲ့မြူးသင့်တာ...

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now