Part-18

5.5K 543 31
                                    

ထိထိ​လေးတစ်​ယောက် Crushကြီးအိမ်​ပေါ်တက်ရ​တော့မှာမို့ အထုပ်​တွေပြင်ရင်း​လေ​လေးတချွန်ချွန်..

ဥစ္စာ​ပေါ ရုပ်​ချော အရှုပ်အရှင်းကင်းတဲ့ အစ်ကိုကြီးက ခခယယ ထိထိ​လေးမှ ထိထိ​​လေးဖြစ်​နေပြီး အိမ်လာ​​နေပေး​ခိုင်း​တော့လည်း ထိထိတို့ဘယ်မူနိုင်မလဲ။ အချစ်နဲ့စစ်မှာ မူ​နေရင် အကုန်ရှုံးသွားလိမ့်မယ်။ ထိထိတို့က Bossလိုအရွယ်လွန်မခံနိုင်​ပေါင်။

မြူက ထိထိဆီမှာအိပ်တာမို့ အခုထိထိအထုပ်သိမ်းတာမြင်​တော့ တစ်မျိုး​တွေးပြီးလန့်​နေသည်။

"ငထိ မင်းမာမီက အိမ်​ပေါ်ကနှင်ချလိုက်ပြီလား။ အခု ဘယ်ဘုန်းကြီး​ကျောင်းသွား​နေမလို့လဲ။"

ထိထိ ​ပေါက်ကရ​ပြော​နေတဲ့​ကောင်ကိုရှုတည်တည်လှည့်ကြည့်ပြီး မျက်​စောင်းထိုးလိုက်သည်။

"ငါက ဘာကိစ္စဘုန်းကြီး​ကျောင်းသွားရမှာလဲ။ သွားချင်းသွား  မင်းသွားရမှာ..
ထိထိတို့က​ယောကျာ်းယူဦးမှာမို့ ဘုန်းကြီးမဝတ်နိုင်​သေးဘူး။"

မြူမျက်ခုံးပင့်ပြီး ငထိအ​နောက်လှည့်သွားတာနဲ့ ​ခြေ​ထောက်နဲ့ပိတ်ကန်ဖို့ရွယ်လိုက်သည်။

"မင်းလမ်းမ​လျှောက်ချင်​တော့ဘူးထင်တယ်။ ချိုး​ပေးရမလား။ ဒီအမြင့်ကကန်ချလိုက်ရင် ​ကတ္တရာ​ပေါ်ကျတာနဲ့ အနည်းဆုံး နံရိုးသုံး​ချောင်းပဲ ငါ့​ကောင်"

ထိထိ လက်စွမ်းကြီး သတိရသွားပြီး မြူ​ခြေ​ထောက်​လေးပြန်ရုတ်လိုက်ရသည်။

"သားကြီးကလည်းကွာ ငါကချစ်လို့စတာကို
အကင်းကလည်းပါးချက်
ဘယ်လိုမြင်လဲမသိဘူး။"

"​ငါ့ကိုမချစ်နဲ့။ ငါ့မှာချစ်ရမယ့် Bossရှိတယ်။ဘာနဲ့မြင်လဲဆို ငါ့ရဲ့​နောက်​စေ့က Seventh Sense မြင်ရလို့မင်းမဟုတ်တာကြံရင်ချက်ချင်းသိတယ်။"

အိတ်ကိုဇစ်ဖွင့်ရင်း ပါးစပ်ကလည်းမရပ်မနား​ပေါက်​ပေါက်​ဖောက်သည်။ညအိပ်သွား​နေမှာမို့လို့ပဲ။ထည့်လိုက်တဲ့အဝတ်​ပေါင်းက ​သောင်း​ခြောက်​ထောင်။

မြူ မျက်နှာ​လေးရှုံ့မဲ့သွားသည်။ ငထိသည် စကားစစ်ထိုးပွဲဝင်ပြိုင်လျှင် ပထမရမှာ​သေချာသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now