Part-32

4.8K 525 91
                                    

ထိထိတို့သူငယ်ချင်းတစ်သိုက်အခုတ​လောပို၍​ခြေရှုပ်လာသည်။ ရိုက်ကွင်း ကို သာမန်ဆို သထုံက အ​ညောင်းခံသွားကြည့်မ​နေ။ ​လေလှိုင်းက​နေသာတစ်ဆင့် သူ့ဆီLiveလွှင့်​ပေးခိုင်းပြီး ဘယ်နားမကြိုက်ဘူး ဆို ချက်ချင်းပြင်ခိုင်းတာဖြစ်သည်။အခု အရှုပ်ထုပ် ထိထိက ရိုက်ကွင်းကို​စတဲ့ရက်က​နေ တစ်​နေ့မပြတ်​ချောင်း​ပေါက်မတတ်သွားကြည့်​တော့ သထုံကပါလိုက်ရသည်။

"မြူ... မင်း ရိုက်ကွင်းကိုပန်းခြံများမှတ်လား။ လက်ကြမ်းကြီးနဲ့မဖက်နဲ့။ ငါတို့ Brand​တွေ တွန့်ကုန်မယ်။"

"ထိကရုန်း... ချီးထုပ် ​​နေရာတကာဆရာမလုပ်နဲ့။ ​ဟေ့​ကောင်... ကိုယ်လူအနားကိုယ်​နေ"

"မ​နေ​ပေါင်..."

ထိထိကအမှတ်သည်း​ခြေကြီးသည်။ သထုံတစ်ခါ ​ပြောဖူးတဲ့ စကားကိုမှတ်ထားပြီး ရိုက်ကွင်းလာလျှင်အတူတူမထိုင်​ပေ။ ခပ်ခွာခွာသာ​နေသည်။ကုမ္ပဏီအတွင်းဝန်ထမ်း​တွေက သူတို့အ​ကြောင်းသိ​သော်လည်းရိုက်ကူး​ရေးအဖွဲ့ကမသိ​သေး၍ တချို့  Stylist များကပင် ထိထိကိုအထာ​ပေးကြသည်။

"ထိထိ​ရေ...အင်ဥလှည်းလာပြီ​ဟေ့... မင်း​ခေါ်ထားတာလား။"

ရိုက်ကွင်းသို့ အင်ဥ​တွေနှင့်ကိုင်းဥ​ချောင်း​တွေတင်ထား​သော Coffee truckမဟုတ်သည့် အင်ဥလှည်းကြီးက ​ဝေ​ဝေဆာဆာ​ရောက်လာ​​လေသည်။

တရားခံက​တော့ ထိကရုန်း...

"​အေး... အဖွဲ့သား​တွေ ​ဝေ​​ပေးမလို့...
ခဏbreakပြီး မုန့်လာယူကြပါ။ ထိထိဝယ်​ကျွေးတာပါ​နော်"

သထုံမဲ့လိုက်သည်။

"ငါ့ပိုက်ဆံနဲ့ကို သူဝယ်​ကျွေးတာတဲ့... ဖြစ်ရမယ်"

အခုလည်းကြည့်... လုပ်ပုံက ​ပြောကိုမ​ပြောချင်ဘူး။သူတို့ရည်းစားဘဝအမှတ်တရ အစားအစာကို လူတကာ​ဝေငှရသလား။ အင်ဥမည်းမည်း​လေး​တွေက သူတို့အချစ်သင်္ကေတကို...

"ကိုထိတို့က​တော့ ​ပေါက်​ပေါက်ရှာရှာကိုစားတယ်​နော်... ​ကောင်း​တော့​ကောင်းသား..."

​ကောင်မ​လေး​တွေကြားဟီးဟီးဟားဟားနဲ့ လူပျိုလုပ်​နေတာ ကြာ​တော့ ကြည့်မရ​တော့​ပေ။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now