Part-54

4.7K 353 133
                                    

ထိထိတို့ သားအဖ၅​ယောက် ဗိုက်ဗိုက်အရင်ဖြည့်ဖို့ Junction Square အရင်ဝင်ကာ​ကော်ဖီဆိုင်ထိုင်လိုက်သည်။

"ထိထိ ဘာ​သောက်မလဲ။"

"​ကော်ဖီနဲ့ Toast ပဲစားရ​အောင် ဦးသထုံ
ဟိုမှာလည်းလူစာရှိပါတယ်ဗျာ တိရစ္ဆာန်စာပဲ​ရောင်းတာမဟုတ်"

"ဒီ​ကောင်​လေး ကတ်ကတ်သတ်သတ်"

ထိထိ​ခေါင်း​လေးကိုပုတ်လိုက်ပြီး အကြီး​ကောင်လက်ဆွဲလို့ သထုံကသွားမှာတယ်။ ထိထိ​ရေခဲနဲ့လို့မ​ပြောလိုက်ရလို့ လိုက်သွား​တော့ စိတ်ညစ်စရာနဲ့တန်းကြုံသည်။ ဦးသထုံ မျက်နှာများတယ်။

"သဲ​လေးတစ်ခွက်"

Counter က ​ကောင်မ​လေး​ချော​ချော​လေးကို သဲ​လေး ​ခေါ်​နေတာကဘာသ​​ဘောလဲ။သင်းနာပြီ။

"ဦးဧဃသထုံ!!! ကဲဟာ ကဲဟာ"

ထိထိလူကြားထဲလည်းမ​ရှောင်ဘဲထုပစ်ကာဆူပူလိုက်သည်။

"ခင်ဗျား အဲ့​ကောင်မ​လေးကိုကြိုက်​နေလို့သဲ​လေး​ခေါ်တာမလား။ လူကဖြင့်​ခေါင်း​မွေးဖြူ​နေပြီ။ပြီး​တော့ သူများကို​ကျ အဲ့လိုတစ်ခါမှမ​ခေါ်ဖူးဘူး။ ခင်ဗျား နှစ်ဖက်ချွန် မုန်းတယ် မုန်းတယ်"

ဧဃသထုံမှာ အူလည်လည်...
ဒီက​လေး ဘာ​တွေ​ပြော​နေတာလဲ။

Thae lay ​ကော်ဖီဆိုင်က ဝန်ထမ်း​တွေက ​ကြောင်အအ...
​ကော်ဖီနာမည်​ကြောင့်ပြဿနာတက်တာအခုမှကြားဖူးသည်​လေ

"ဘာ​တွေ​ပြော​နေတာလဲ သဲ​​လေးက ​ကော်ဖီနာမည်​လေ... မင်းပဲ ​ကော်ဖီ​သောက်ချင်တယ်ဆို ဒါ သူတို့ဆီက Signature coffeeကွ"

ထိထိမယုံသင်္ကာနဲ့ စုံ​ထောက်ကြည့်ကြည့်​တော့ ​ကောင်မ​လေးက ​ကော်ဖီဘူးလှမ်း​ပေးသည်။

"အစ်ကိုမှာထားတဲ့ သဲ​လေးပါ ၁၅၀၀ ကျပါတယ်ရှင့်"

Thae lay ဆိုတဲ့စာတန်း​လေးဖတ်ပြီး ထိထိရှက်လို့ မျက်နှာကို​ကော်ဖီထဲနှစ်ချင်စိတ်​ပေါက်သွားရသည်။

'ငါ ပိန်းဥနဲ့​နေပါများလို့ ​ရောပိန်းသွားတာဖြစ်မယ်'

ကိုယ့်ကိုယ်ကိုယ် သဝန်တိုတာ ​လျှော့မှ ဟုသတိ​ပေးမိသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now