Part-12

6.9K 723 96
                                    

"M...MD ဘာလို့ အဲ့လိုကြည့်​နေတာလဲ။
ကျွန်​တော်​ပြောတာ ဘာအမှားပါသွားလို့လဲခင်ဗျ"

တံခွန်သစ် ​နောက်ကျောမလုံပါ။ MDက မျက်လုံးစိမ်းကြီး​တွေနဲ့ လူသန်ကြီးHulkလိုမျိုးကြည့်​နေခြင်းက သူ့အား​ခြေဖျားလက်ဖျား​တွေ ​အေးစက်​စေသည်။

"တံခွန်သစ်... ကိုယ့်နားမှာ​နေလာတာ ဘယ်နှနှစ်ရှိပြီလဲ။"

တံခွန်သစ် စိတ်ထဲ​စက္ကန့်​တွေရေတွက်ရင်း မထင်ဘဲMDက အချိန်ကို​မေးလာ​တော့​ယောင်ထွက်သွားသည်။

"၁၅မိနစ်..."

"ဟမ်..."

"အာ ... ​​တောင်းပန်ပါတယ်။MD
၁၀နှစ်ပါ။ကျွန်​တော်၂၀တည်းက အလုပ်စဝင်လာတာရယ်၊ MDရဲ့ PAအဖြစ် လုပ်လာတာက ၁၀နှစ်နီးပါးဆို​တော့..."

"​နောင်တရလား။ ဒီမှာအလုပ်ဝင်ရလို့..."

"ရစရာလား။ လုံးဝအဲ့လိုအ​တွေးမျိုးမရှိခဲ့ဖူးပါဘူး။"

"မင်း...​နောက်စက္ကန့်၂၀​လောက်ဆို ​နောင်တရရင်လည်းရမှာ​ပေါ့။ ကိုယ်​တော့သိပ်မ​ပြောတတ်ဘူး။"

တံခွန်သစ် MDရဲ့ အမူအရာအထူးဆန်း​တွေ​ကြောင့် ဟို​ကောင်​လေး ချွန်လိုက်တာဖြစ်မယ်ဆိုတာတန်းသိလိုက်သည်။ အဲ့​​ကောင်​လေးက သူ့​နေရာကိုထိခိုက်​စေမယ့်လူဆိုတာအထိ​တော့မထင်ထားခဲ့ပါ။

"MD ဘာ​ပြော​တော့မှာလဲ ရိပ်မိ​ပေမဲ့... ကိုယ့်အနားမှာ ၁၀နှစ်နီးပါး​နေလာတဲ့သူနဲ့ တစ်လ​တောင်မပြည့်​သေးတဲ့လူ ဘယ်သူက ပိုတန်ဖိုးရှိမယ်ထင်လဲ။ MDဆုံးဖြတ်ချက်မမှားဖို့​မျှော်လင့်ပါတယ်။"

"မင်းကအလာကြီးပဲ။ စိတ်ချပါ ကိုယ် မင်းကိုအ​ဝေးမပို့ပါဘူး။ တစ်ခုပဲ။ ထိကရုန်းကို လက်တွဲ​ခေါ်​ပေးပါ။"

မထင်ထားတဲ့ စကား​ကြောင့် တံခွန်သစ်​ခေါင်း​မော့လိုက်မိသည်။ ဒါက ဘယ်လိုဟာသလဲ။

"ဗျာ...သူက သန့်ရှင်း​ရေး​တောင်မဟုတ်​တော့ဘူး​လေ ဘယ်လိုဖြစ်ပြီး ကျွန်​တော်က.."

"ကို​ထွေးကို အငယ်တန်းပြာတာ ​နေရာထားလိုက်။ သူစာရင်းမနိုင်ဘူး။ ကိုယ်သူတို့နှစ်​ယောက်ကို​သေချာ​လေ့လာပြီးပြီ။ ဒီတစ်လအတွင်းမှာ အ​တော်​လေးသိလာခဲ့ရပြီးပါပြီ။ ပြီး​တော့..ထိကရုန်းက အဲ့​နေ့က ကိုယ့်ကို​ဆေးတိုက်ခဲ့တာ... သူ့​ကြောင့် ကိုယ်​နောက်တစ်ခါ​ဆေးရုံမတက်ရတာ.."

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now