Part-37

5K 477 108
                                    


"Ben မင်းအတွက်ငါ​သွေး​ကြွေးပြန်ဆပ်မယ်။သိလား။ စိတ်မပူနဲ့။မင်းကို ငါလုံးဝထားမသွားဘူး။"

ဒီရွန့်ခံစားချက်​တွေ​ရော​ထွေး​နေတယ်။ သူ ရှင်းရ​ဝေကိုစ​တွေ့တုန်းကလိုခံစားချက်မျိုး Benအ​ပေါ်ဖြစ်တည်​နေတယ်။ ဒါကမ​ကောင်းဘူး။ Ben ကအချုပ်အ​နှောင်မကြိုက်တဲ့သူ... Relationship တစ်ခု တည်​ဆောက်ဖို့စိတ်မဝင်စားတဲ့သူ... သူ့အတွက်မိတ်​ဆွေ​ကောင်းကို သူအဆုံးရှုံးမခံနိုင်ဘူး။ဒါ​ကြောင့် ဒီရွန် Ben နဲ့ ​ရှေ့ဆက်တိုးမှာမဟုတ်ဘူး။အကယ်၍ ရှင်းရ​ဝေတုန်းကလို အသည်းထပ်ကွဲရမယ်ဆိုရင် သူ​သေသွားလိမ့်မယ်။

"Ben မနိုး​သေးဘူးလား။"

သထုံ ​ရောက်လာ​တော့ ဒီရွန်က ခံစားချက်မဲ့သူလို​နေရာဖယ်​ပေးသည်။

"မင်း တစ်ခုခုစား​လေ
မင်းပါလဲရင် သူလည်းစိတ်​ကောင်းမှာမဟုတ်ဘူး။"

Benjaminက သတိလစ်​နေတာ ၂လ​ကျော်ပြီ။ ဒီအ​တောအတွင်းမှာ သထုံ ရှင်းရ​ဝေနဲ့ထိပ်တိုက်​တွေ့ပြီးပြီဖြစ်သည်။

"Yawai က ဝန်ထမ်း​တွေ ခင်ဗျားဆီ​ရောက်လာတယ်ဆို... ဖြစ်နိုင်ရင် လက်မခံ​စေချင်ဘူး။ သူတို့ထဲမှာရှင်းရ​ဝေလိုစိတ်ဓါတ်များတယ်။"

ဒီရွန် ​စေတနာနဲ့သတိ​ပေးတာဖြစ်လို့သထုံက ​ခေါင်းညိတ်လိုက်သည်။

"အင်း... အလုပ်လက်မဲ့ ရာချီကို ငါလည်းလက်ခံဖို့အဆင်မ​ပြေပါဘူး။ ဒါ​ပေမဲ့ ရှင်းရ​ဝေကို​ထောင်ဖမ်းဖို့အတွက် သက်​သေထပ်လိုတယ်။ အခု​ထောင်ထဲ​ရောက်​နေတာက သူ့သက်​တော်​စောင့်​လေ... သူမှမဟုတ်တာ..."

ဒီရွန်စိတ်ပျက်အား​လျော့သည့်ပုံဖြစ်သွားသည်။

"ကိုဧဃသထုံ... Ben ကိုမုန်းဖူးလား။"

သထုံ အနည်းငယ်စဥ်းစားပြီးမှတည်ငြိမ်စွာ​ဖြေလိုက်သည်။

"မမုန်းပါဘူး။ သူ့အ​ပေါ်ဘာခံစားချက်မှမရှိဘူး။ သူ​ကောင်းရင် ငါလည်းမဆိုးပါဘူး။"

"Ben က ခင်ဗျားကို အရမ်း​လေးစားတာ"

Benjaminလက်ကိုကိုင်ပြီး ဒီရွန်တဖွဖွ​ပြော​လေသည်။ သထုံ စိတ်မ​ကောင်းစွာကြည့်​နေမိသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now