Part-23

4.4K 505 60
                                    

ဧဃသထုံရဲ့အတိတ်​နေ့ရက်​တွေအ​မှောင်ကျခဲ့ရတဲ့အဓိကတရားခံထဲမှာ တရားသူကြီးမင်းတစ်ဦးလည်းပါဝင်ခဲ့သည်။

"​မေ​မေရက်လည်ပြီးမှရုံးတက်ပါ​ရ​စေဗျာ
​မေ​မေ့ကိုဆွမ်းမသွတ်ရ​သေးရင် ကျွန်​တော်တရားခံဖြစ်တာ​မေ​မေဝိညာဥ်ဘဝနဲ့မြင်​နေရမှာစိုးလို့ပါ"

"မင်းဒီကြားထဲထွက်​ပြေးလို့ရ​အောင် ကြံ​နေတာမလား။ ကိုယ်လုပ်တဲ့အပြစ်ကိုယ်ခံရမယ်။ ဆွဲ​ခေါ်ခဲ့"

၁၅နှစ်အရွယ်က​လေးတစ်​ယောက်ရဲ့​တောင်းဆိုမှုကို အဓိပ္ပါယ်မရှိဘူးဆိုပြီး ပယ်ချလို့ အတင်းအကြပ်တရားခံသွင်းကြတဲ့လူ၃ဦးမှာ ဦးလင်း​အောင်၊ တင်မာလာနဲ့ သူမရဲ့​ရှေ့​နေပင်ဖြစ်သည်။

"ကင်မရာထဲမှာရိုက်ထားခဲ့တယ်။
သက်​သေရှိပါတယ်ဆို​နေမှ"

"ဟုတ်လား။ဒါဆို အဲ့သက်​သေ​ရော"

"သူတို့ သူတို့ဖျက်ဆီးပစ်လိုက်ကြတယ်"

"အ​ကောင်​သေးသ​လောက် အဆိပ်ပြင်းတယ်ဆိုတာ မင်းကို​ပြောတာ​နေမယ် ဧဃသထုံ"

အမှန်တရားကိုလက်ကိုင်ထားပါလျက် သက်​သေမရှိ၊ ကာကွယ်​ပေးမဲ့သူမရှိ၊ မိသားစုမရှိ၊ မိတ်​ဆွေရင်းမရှိခဲ့တဲ့ ​ကောင်​လေးတစ်​ယောက်က လူငယ်ပြုပြင်​ရေးစခန်းမှာနှစ်အနည်းငယ်ဖြတ်သန်းခဲ့ရသည်။

ဘယ်မလဲ တရား​စောင့်နတ်

ပြစမ်းပါ။ ကျုပ်အဖြစ်ကို​ပြောပြီးရန်​တွေ့ချင်လို့...

တင်မာလာ​ပြောခဲ့တဲ့စကားအားအနှစ်၂၀တိုင်တိုင်မ​မေ့နိုင်ခဲ့​ပေ။

"နင်​ပြောတာဘယ်သူကယုံမှာလဲ။ က​လေးစကားနဲ့လူကြီးစကား ပြီး​တော့ ငါက အားနွဲ့တဲ့မိန်းမသား​နော်။နင်သိထားဖို့ကမုဒိမ်းမှုဆိုကတည်းက လူ​တွေကရွံရှာပြီးသားဆိုတာပဲ..."

တကယ်ပင် ဧဃသထုံဆိုတဲ့က​လေးငယ်ဘဝမှာသူ့အားယုံကြည်​ပေးမည့်သူတစ်​ယောက်မျှမရှိခဲ့ပါ​လေ။ယုတ်စွအဆုံးတံခွန်သစ်အ​ဖေပင် သူ့အား​ကျေးဇူးတရား​ကြောင့်ပျိုး​ထောင်​ပေးခဲ့တာဖြစ်သည်။

လူ​တွေရဲ့ အထင်​သေးစက်ဆုပ်တဲ့အကြည့်​တွေက သူ့အားညတိုင်း​ခြောက်လှန့်​နေသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now