Part-25

5.1K 495 61
                                    

မင်္ဂလာဦးညကိုအိပ်မ​ပျော်နိုင်ကြတာဘာ​ကြောင့်လဲဆိုတာ အခုမှဧဃသထုံသိလာရတယ်။အ​တွေး​တွေသိပ်​ခေါင်လွန်းတာပဲ။ညတာရှည်လွန်းတယ်။

​ဘေးနားကလူးလိမ့်​နေတဲ့လက်​မောင်းလုံးကြီး​ကြောင့် ငိုယိုပြီးအိပ်​ပျော်သွားတဲ့ထိထိလည်း နိုးလာရတယ်။ကျိန်းစပ်​နေတဲ့မျက်လုံး​လေး​တွေကိုလက်နဲ့ပွတ်ပြီး​စောင်ကိုရင်ဘတ်ထိဆွဲခြုံလို့ထလာတဲ့​ကောင်​လေးကိုအ​တွေးများ​နေတဲ့လူကမမြင်နိုင်ခဲ့​ပေ။

"Darling...မအိပ်​သေးဘူးလား။ ဘာလို့လဲ။ အ​ပျော်လွန်​နေလို့လား။"

ထိထိကစ​နောက်ပြီး​​မေးလိုက်​ပေမဲ့အ​ဖြေမလာခဲ့။ သထုံကသူ့​​နေရာကမ​ရွေ့ဘဲ ​ဘေးမှာလူမရှိသလို​နေ​နေသည်။

ထိထိတို့ကိုစိတ်ရှည်တတ်တဲ့အမျိုးများ​အောက်​မေ့သလား။ဘယ်ရမလဲ။

"ခင်ဗျား​ကြောင်စီစီလုပ်မ​နေနဲ့။ ​ယောကျာ်းက​မေးရင်​ဖြေမှ​ပေါ့။ တကယ်ပဲ..."

သူ့ကိုယ်ကြီးကိုဆွဲလှုပ်ပြီးကို​မေးပစ်လိုက်တယ်။ထိကရုန်းတို့က ကြမ်းကြမ်းတမ်းတမ်းပဲ။

"ထိထိ... ကိုယ်ကအရှုံးသမားတစ်​ယောက်လို့အခုထိခံစား​နေရတုန်းပဲ။"

"ဟင်..."

ထိထိအံ့ဩတကြီး​လေးဖြစ်သွားပြီးငြိမ်ကုပ်သွားသည်။ ညကြီးသန်း​ခေါင် ဒီလူကြီးဘာထဖြစ်တာလဲ။

"ဒီ​ကောင်က ဆုံးရှုံးဖူးတာမှအများကြီးပဲ။ ထိထိ

ကိုယ်ပထမဦးဆုံးဆုံးရှုံးလိုက်ရတာ ကိုယ့်အ​ဖေ...
​နောက်အ​မေ... ​နောက်ပြီး​တော့ စည်းစိမ်ချမ်းသာ​တွေနဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခါ​​တွေ ပြီး​တော့ပညာ​ရေး...
ပြစ်မှုမှတ်တမ်းရှိလို့ နိုင်ငံခြားပညာ​တော်သွားခွင့်ပိတ်ခံလိုက်ရတယ်​လေ  ဟက်...
ဒီလူကအရာအားလုံးဆုံးရှုံးဖူးတယ် ထိကရုန်း မင်းကလွဲပြီး​တော့​ပေါ့
မင်းကို​တော့ ကိုယ်မဆုံးရှုံးရဘူးမလားဟင်"

အခုမှ သူဘာ​တွေ​တွေး​နေလဲသိရ​တော့သည်။ ဒါ​ကြောင့် မြန်မြန်လက်ထပ်ချင်ခဲ့တာလား Darlingရယ်...

"ဘာဖြစ်လို့ဆုံးရှုံးရမှာလဲ မဖြစ်နိုင်တာ​တွေမ​ပြောပါနဲ့။ ခင်ဗျားကို ထိကရုန်းက ဘာအ​ကြောင်းနဲ့မှစွန့်ခွာသွားမှာမဟုတ်လို့ စိတ်ချယုံကြည်လို့ရပါတယ်။"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now