Part-45

4.3K 390 238
                                    

"ကိုယ် ထိထိကို ဝန်ခံစရာရှိတယ်။"

ဦးသထုံရဲ့ မဝံ့မရဲပုံဟာ သူတို့ကြားအချစ်​ပေါက်ဖွားလာပြီး​နောက် မြင်​လေ့မရှိတဲ့ပုံရိပ်မို့ ထိကရုန်းစိုးရိမ်သွားရပါတယ်။

"ဘာများလဲ Darling..."

ထိထိ ကို စွန့်ပစ်မဲ့အ​ကြောင်းအရာကလွဲလို့ဘာမဆိုလက်ခံပါ့မယ်။

သူ့စိတ်ထဲကစကားကို​တော့ လူကြီးကြားနိုင်ပါ့မလား။

ထိထိဆီ​လျှောက်လာပြီး ​အင်္ကျီအိတ်ကပ်ထဲက​ငွေ​ရောင်လက်​နေတဲ့အရာဝတ္ထုကိုထုတ်ကာ လည်ပင်းမှာဆွဲလာ​ပေးသည်။ထိထိမျက်လုံးဖွင့်ကြည့်​တော့ ဘယ်တုန်းက​ပျောက်သွားမှန်းမသိတဲ့သူ့ဆွဲကြိုး​လေး...

"ထိထိကို ကိုယ်စိတ်ပူလို့ မင်းဆွဲကြိုးမှာGPS တပ်ထားမိတယ်။မင်းဆီကခွင့်ပြုချက်မ​ယူခဲ့မိလို့​တောင်းပန်ပါတယ်။"

ထိထိမှာ သက်ပြင်းချမိသလို စိတ်​ပေါက်​ပေါက်နဲ့ လူကြီး​ခေါင်းကိုချိုင်းကြားထဲညပ်ပြီးသင်ထားတဲ့တိုက်ကွမ်ဒိုအကွက်ထုတ်သုံးမိ​တော့သည်။

"ဒီကဘာများလဲလို့ လန့်သွားတာပဲဗျာ"

ကြမ်း​ပေါ်ပစ်လှဲသွားတဲ့သထုံ့ကို အိမ်ရာစီမံကိန်းစာချုပ်ပြင်​နေတဲ့တံခွန်သစ်က​တော့မြင်ပုံမ​ပေါ်။အခုတ​လောအလုပ်သာသဲကြီးမဲကြီးလုပ်​နေတတ်သည်။ထိထိတို့အိမ်ပြန်ခိုင်းလို့လည်းမရ​ချေ။

"ကိုတံခွန်သစ် ​ကော်ဖီ​လေးဘာ​လေးသွား​သောက်ပါလား။ထိထိတို့နှစ်ကိုယ်ကြား​ပြောစရာရှိလို့"

အလုပ်လုပ်​နေတဲ့သူကိုခိုင်းလည်း သထုံကဘာမှဝင်မ​ပြော​ချေ။ လက်ဟန်နဲ့သာထွက်သွားဖို့ပြ၍တံခွန်သစ် file​တွေsave ပြီးထွက်သွား​ဖို့ပြင်ရသည်။

"ထိကရုန်း​ကြောင့် ​ဒေဝါလီခံရရင် ခင်ဗျားအပြစ်နဲ့ခင်ဗျားပဲ​နော် MD"

​ဘောက်ဆတ်ဆတ်နဲ့ သူ့ကိုဆူသွားပြီးအပြင်ထွက်သွားတဲ့​ကောင်က သူ့​မွေးစားညီသာမဟုတ်ခဲ့ရင် အ​သေရိုက်ပစ်လိုက်ပြီ။

"ကဲပါ မျက်နှာကြီးအိုပြီးကြည့်မ​နေနဲ့။အလကား ​ဒေါက်တာနဲ့ရန်ဖြစ်ထားလို့ပတ်ရမ်းတာ​နေမှာ..."

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now