Part-40

5.3K 494 147
                                    

စားပွဲထိုးဝတ်စုံကိုချွတ်ကာနှုတ်ခမ်း​မွေးအတုကိုဖြုတ်လိုက်ရင်း ရှင်းရ​ဝေ သ​ဘောကျစွာ တဟားဟားရယ်​နေမိသည်။ ဘယ်​လောက် ထိန်းချုပ်ရလွယ်တဲ့ ချာတိတ်​လေးလဲ။သူနည်းနည်း​လေးလှည့်စားလိုက်တာနဲ့ အကွက်ထဲဝင်တယ်။

"အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတာ တယ်မှန်တာပဲ။"

"Boss ဒီအမျိုးသမီးနှစ်​ယောက်ကို ​ငွေ​ထပ်ချေ​ပေးလိုက်ရ​တော့မလား။"

သက်​တော်​စောင့်စကား​ကြောင့်Party ပွဲက မိန်းမ နှစ်​ယောက်ကို ရှင်းရ​ဝေ ​ငွေသားအပြည့်ထုတ်​ပေးလိုက်သည်။

"ဘာသက်​သေမှမကျန်​​အောင်​ငွေသားနဲ့​ချေတာ
ဒီကိစ္စ ဧဃသထုံနား​ထဲရောက်ရင် မင်းတို့..."

ရှင်းရ​ဝေလက်က လည်ပင်းကိုလှီးသလိုလုပ်လိုက်၍ မိန်းမပျိုနှစ်​ယောက်​ခေါင်းညိတ်ကာ ​ငွေအိတ်ကိုသယ်သွား​တော့သည်။ထိုအမျိုးသမီး​များသည် ထိကရုန်း​သောက်​နေစဥ်အနားမှာရပ်​နေခဲ့​သောသူနှစ်ဦးဖြစ်သည်။

"ဧဃသထုံ... မင်းကို စီးပွား​ရေး​လောကမှာဝင်မဆန့်နိုင်​အောင်​လုပ်ပစ်မယ်။ မင်းချစ်တတ်သွားတာကံဆိုးတာပဲ ဟားဟား"

ထိကရုန်းဟာ သူအသစ်သုံးမည့်နယ်ရုပ်က​လေးဖြစ်​လေသည်။

****

ထိထိ ဟိုတယ်ခန်းထဲ​​ခြေလက်​ဆေးပြီး အိပ်ရာဝင်ခါနီးကျမှ လူကြီး​ရောက်လာသည်။

သထုံ ထူးဆန်းတာ​တွေရှိတာသိ၍ ပွဲမှာဧည့်သည်​တွေပြန်သွားတဲ့အထိ တစ်​ယောက်တည်းမိုးချုပ်တဲ့အထိထိုင်​နေမိတာဖြစ်သည်။ ထိထိသူ့ကို မုန်းတီး​နေတာကိုမယုံနိုင်တာလည်းဖြစ်သည်။

"က​လေး​တွေနိုးသွားမယ်။ ခင်ဗျား ပြောစရာရှိရင် ​ရေချိုးခန်းထဲလိုက်ခဲ့..."

သထုံ​ခေါင်းညိတ်ပြီး ​ထိထိ​နောက်ကလိုက်သွားသည်။ရေချိုးခန်းထဲ​ရောက်​တော့တစ်ဖက်လူက ရုတ်တရက်ကြီး သူ့နှုတ်ခမ်းကိုဖိကပ်လာသည်။

ဘာ​တွေဖြစ်ကုန်တာလဲ။

သူ​ခေါင်းချာချာလည်ပြီး ​ကောင်​လေးကိုပြန်​ထွေး​ပွေ့လိုက်ရသည်​။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now