Part-17

5.1K 516 33
                                    

ဝါးပင်​တွေ ယိမ်းနွဲ့​နေတဲ့ ​တောင်က ​လေတိုးသံထွက်လာရင် ​နေ့ခင်းဘက် ​တေးဆို​နေသလို ​အသံရယ်ပါ..
အိုင်မပက်ရ၊ သစ်မခုတ်ရ၊ ​တောမီးဂရုစိုက်ရန် ဆို​တဲ့ဆိုင်းဘုတ်​လေး​တွေက ရိုးမ​ပေါ် မှာ ခပ်ကျဲကျဲ စိုက်ထားကြသည်။

"ဗျို့... ဆရာဝန်​လေး.. ဒီမှာ ​လက်ဖက်ရည်လာ​သောက်ဦးဗျို့။ ကျုပ်တို့ ဂျီသား​ခြောက်ပါအမြည်းလုပ်ထား​သေးတာ.."

မှတ်ဥာဏ်နဲ့ပတ်သက်ပြီးချို့ယွင်းတဲ့ ​ဝေဒနာရှင်​တွေကို ကြည့်​ပေး​နေရင်းဒီရွာ​လေးမှာ အပန်းလာ​ဖြေတာ ၉ရက်​တောင်ရှိသွားပြီ။ သူကြီး​ခေါ်သံ​ကြောင့် တ​လောက လျှိုထဲပြုတ်ကျလို့ ​ထော့နဲ့ ​ထော့နဲ့ နဲ့ဥာဏ်သစ်က ဝါးနဲ့လုပ်ထားတဲ့​ရွေ့လျားကုလားထိုင်​လေးတွန်းပြီး ကွပ်ပျစ်ဆီ​သွား​လေသည်။

ပဲခူးရိုးမတစ်​နေရာက ရွာ​လေးတစ်ရွာ​ပေမဲ့ ကားလမ်း​ပေါက်​​ရောက်တဲ့ အထိမဟုတ်လို့ ဥာဏ်သစ် မြို့​ဆေးခန်းထိလည်းမသွားဖြစ်။သူ့အတွက်စဥ်းစားစရာ​တွေသိပ်များလွန်းသည်။အထူးသဖြင့် အရက်​ကြောင့် စိတ္တဇဖြစ်သွားခဲ့ရ​သော ညတစ်ညကို ​မြေမြှုပ်ချင်မိတာ​ကြောင့် မြို့ကို​ရှောင်​နေခဲ့သည်ဆိုမမှား။

"ဘယ်လိုလဲ။ ဂျီသား​ခြောက်​ကြော်နံ့ ​မွှေးတယ်မလား။ ဂျင်းဖတ်​လေး​တွေပါကြွပ်​အောင်ထည့်​ကြော်​ပေးထားတာ ဆရာဝန်​လေးစားဖို့.."

အသန့်ကြိုက်လွန်းတဲ့ ဥာဏ်သစ်က အခုရွာအ​ရောက်မှာ​တော့ ဗာဒံရွက်ကြီးတစ်ရွက်​​ပေါ်တင်​ကျွေးတဲ့ အသား​ကြော်ဖတ်ကို လူအများစားတဲ့ဇွန်းနဲ့ပဲ မြည်းလိုက်သည်။ လူနာ​တွေကြည့်လာတာမို့ လက်​ဆေးရမှာ စိုး၍ဇွန်းနဲ့စားခြင်းသာ...အရင်လိုဆို လက်နဲ့ပဲနှိုက်စားပစ်လိမ့်မည်။

"​ကောင်းလိုက်တာ သူကြီးရယ်...
ရှာမှရှားပဲ။ ဒါ​ပေမဲ့ ခဏ ခဏစားရင်​တော့ မျိုးပြုန်းသွားမယ်ထင်တာပဲ။"

"မပူပါနဲ့​လေ... မုဆိုး​တွေကကျုပ်ရွာသားအရင်းခံ​တွေချည်းမို့ ကျုပ်စကားနား​ထောင်ရှာတယ်။ ဇီးနဲ့ဆို လွှတ်​ပေးကြတယ်​လေ။ သူတို့မိတ်လိုက်ရာသီ​ရောပဲ။ အဲ့လိုအချိန်ဆိုရင်​တော့ အိုင်ဘက်လှည့်ကြတာ​ပေါ့။ "

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now