Part-46

4K 379 109
                                    

တံခွန်သစ် ကားရွှံ့ထဲနစ်သွားလို့ ပြန်တင်​နေရတာနဲ့ ဖုန်းမကိုင်မိ​ချေ။

"ဟူး ရပြီ။ ညကမိုး​တော်​တော်သည်းတာပဲကွ"

ဆိုက်တစ်ခုလုံး ငြမ်းဆင်ပြီးမှမိုးကရွာလာ​တော့စိတ်ပျက်စရာ...

ရွှံ့​တွေ​ပေ​နေတဲ့ ကားဘီးကို ​ရေ​ဆေး​ခိုင်းထားတာမို့ တံခွန်သစ် ရပ်​စောင့်​နေလိုက်သည်။

"ဆရာသစ် ဖုန်းလာ​နေတယ်။သူ​ဌေးဆီကပဲ..."

"​အေး ​ပေး​ပေး"

"ညီသစ် မင်းညက ဘယ်မှာအိပ်လဲ။"

"ဗျာ ကျွန်​တော်ဆိုက်ထဲမှာပဲ​လေ MD ကိုကို ဘာ​ပြော​သေးလဲ။"

"မင်းကိုကို နဲ့ ငါကြိုက်​နေတာမှမဟုတ် ဘာ​ပြောရမှာလဲ"

"MD!!!"

ထို့​နောက်တံခွန်သစ် ကား​လေးက ​ဆေးရုံတစ်ခုသို့အကြမ်းပတမ်းထွက်သွား​လေသည်။

"မီ ​နောက် Night duty ယူတာ​လျှော့​တော့ အိပ်​ရေးပျက်​နေတယ်ထင်တယ်။ အိပ်လိုက်တာသိုးလို့"

လူနာ​တွေ​စောင့်​ပေးရင်း ​ဆေးရုံမှာပဲအိပ်​ပျော်သွားကြတာမို့ ခုံ​ပေါ်ထိုင်လျက်အိပ်​ပျော်နေတဲ့မီ့​ပေါ်မှာ ​ဆရာ့ဂျူတီကုတ်က​ရောက်နေသည်။

"အားနာလိုက်တာ ဆရာ မီပြန်​လျှော်​ပေးမယ်​နော်"

"ရပါတယ်ဟာ ဒါ​လေးကို​ပြော​နေရ​သေး..."

မီက ဂျူတီကုတ်အချွတ်နှင့် တံခါးကအပွင့်... တိုက်ဆိုင်သွားခဲ့သည်။

"ဥာဏ်သစ်!!!
ခင်ဗျားဘာဇာတ်လမ်းရှုပ်​နေတာလဲ။"

တံခွန်သစ်အမြင်မှာကိုကို့အဝတ်​တောင်အဲ့မိန်းမကိုယ်​ပေါ်​ရောက်​နေခဲ့ပြီ။တစ်ညလုံးသူတို့ဘာ​တွေလုပ်ကြမလဲ။

မီရှင်းပြဖို့ပြင်​ပေမဲ့ ဆရာ့​ယောကျာ်းကို​ကြောက်၍ဘာသံမှထွက်မလာခဲ့​ချေ။

"တံခွန်သစ် မင်းမ​စော်ကားနဲ့။ ငါတို့ကရိုးရိုးသားသား..."

"ထွီ... သွားစမ်းပါ။ လူရိုးကသင်္ချိုင်းမှာပဲရှိတယ်။ ဟက်... ဒါ​ကြောင့် အိမ်ပြန်မလာတာကိုး
​ဆေးရုံမှာ ပလူးချင်တိုင်းပလူးလို့ရ​နေမှ​တော့..."

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now