Part-28

4.4K 453 54
                                    

သထုံ့မျက်ခုံး​တွေကတွန့်နေသည်။​အသက်ရှူသံပြင်းပြင်းနဲ့ခေါင်းခါပြီးတသွင်သွင်ငြင်းဆန်မှု​တွေက စတင်ထွက်​ပေါ်လာသည်။

"​မေ​မေ... သားမဟုတ်ဘူး သားကိုယုံပါ ​မေ​မေ
သားမလုပ်ခဲ့ဘူးလို့!!!
ဘာလို့မယုံကြတာလဲ။ ထွက်သွားကြ
ငါ့ဆီကထွက်သွားကြ...
အား!!!"

​ဖျောက်...

လက်​ဖျောက်တီးသံထွက်လာမှ ကုတင်​ပေါ်ကလူနာတစ်ဖြစ်လဲသထုံ ​ချွေးသီး​ချွေး​ပေါက်​တွေနှင့်နိုးထလာသည်။

ဥာဏ်သစ် အကြိမ်ကြိမ်​ဖျောက်ဖျက်မရ​သော စိတ်ဒဏ်ရာတို့ကို ကြည့်ကာသက်ပြင်းချလိုက်သည်။

"​ဒေါက်တာ... ခါတိုင်းလိုပဲမလား။"

သထုံသိ​နေပြီးသားအ​ဖြေကို ပြန်​မေးလိုက်သည်။

ဥာဏ်သစ်၏အားတုံ့အားနာပုံက သူ့အတွက်မထူးဆန်းပါ။

"​ကိုသထုံ့​ရောဂါကဘယ်အချိန်မှာထွက်​ပေါ်လာမလဲ မှန်းဆမရတဲ့အရာဖြစ်​နေတယ်။ မကုဘဲထားရင် ​နောက်ပိုင်း လက္ခဏာ​တွေကပိုဆိုးလာမှာ​ကြောက်ရတယ်။ဒီလိုလုပ်ပါလား။"

သထုံ ဆက်​ပြောရန်​ခေါင်းညိတ်ပြလိုက်သည်။ နှစ်​ပေါင်းများစွာ ဝဋ်ခံစားရတာ သူလည်းစိတ်ကုန်လှပြီ။

"ကျွန်​တော့် Mom မိတ်​ဆွေ​တော့ရှိတယ်။ သူက ဒီနယ်ပယ်မှာပါရဂူဘွဲ့ရထားတာ...
ဒါ​ပေမဲ့ ဒီမှာမဟုတ်ဘူး။ ​နော်​ဝေထိသွားရမယ်။ကိုသထုံအဆင်​ပြေရင်ကျွန်​တော်စီစဥ်​ပေးမယ်။​အေး​ဆေးစဥ်းစားပါ။ "

သထုံစိတ်အိုက်သွားသည်။အရင်ကဆိုကိစ္စမရှိ​ပေမဲ့အခုကျ ထိထိရှိ​နေပြီ။ထိထိကို​ခေါ်သွားဖို့မဖြစ်နိုင်​ပေ။သူလည်းသ​ဘောမတူနိုင်လှပါ။

သထုံစိတ်ပူ​နေတာကိုသိသည့်အလား ဥာဏ်သစ်ကတစ်စုံတစ်ခုကိုထပ်​ပြောလိုက်သည်။

သထုံ ခပ်​လေး​လေး​ခေါင်းညိတ်လိုက်ပြီး​နောက် ဥာဏ်သစ် ​နော်​ဝေကိုဖုန်း​ခေါ်ရ​တော့သည်။

သထုံ့စိတ်မှာ​တွေး​နေမိတာကတစ်ခုတည်း...

*ထိထိကိုဘယ်လို​ပြောရမလဲ*

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now