Part-31

5K 503 104
                                    

ဦးသထုံက ထိထိတို့ကြားစည်းအမြဲထားခဲ့သည်။နှစ်ဦးသ​ဘောတူတရားဝင်လက်ထပ်ထားတာ​ပေမဲ့ ထိထိနဲ့ညဘက်လုပ်ငန်းစဥ်​တွေမှာအကာအကွယ်နဲ့အမြဲသူ့စိတ်ကြိုက်ဖြတ်သန်းခဲ့သည်။

ထိထိက​လေးမရ​အောင်တမင်လုပ်​နေသလားပင်မသိ​ပေ။ထိထိကိုလည်းဘာမှတ်နေပါသလဲ။ အခုလို ကိုယ့်သ​ဘောနဲ့ကိုယ်မျိုးဆက်ယူ​တော့​ရော သူဘာတတ်နိုင်မှာလဲ။ ပြန်ဆွဲထုတ်လို့လည်းမရတဲ့အရာ​လေ။

"​အမျိုးသားခွင့်ပြုချက်မပါဘူးလား။ ညီ"

ထိထိမျက်နှာငယ်​လေးနဲ့ရှုံ့မဲ့မဲ့​ပြောလိုက်သည်။

"ကျွန်​တော့်အမျိုးသားက အိပ်ရာထဲလဲ​နေလို့​ခေါ်မလာတာပါ။ သူမပါရင် မလုပ်​ပေးဘူးလားဟင်"

ထိထိ၏သရုပ်​ဆောင်ချက်​တွေမှာနစ်​မြောသွား​သော သူနာပြုအချို့ပင် ​ဒေါက်တာ့ကို ကွက်ကြည့် ကွက်ကြည့်နှင့်။

"ကဲ... ကဲ... ​နောက်ပိုင်း ပြဿနာတစ်စုံတစ်ရာတက်မှာစိုးလို့​မေးတာပါ။ သူလက်ခံရင်ရပါပြီ။ Form ဖြည့်လိုက်ဦး​နော်"

မှတ်ပုံတင်ကိုအရ​တောင်းကြည့်ပြီး အသက်ပြည့်တယ်​သေချာမှသာ ဆက်လက်လုပ်​ဆောင်​ပေးသည်။ထိထိက တကယ်ပဲက​လေးမသာရုပ်​ပေါက်​နေလို့လားမသိ။

"​အေးခဲထားတဲ့ မျိုးဆက်​လေး​တွေ​ရေ... ​ဖေ​ဖေထိဆီမြန်မြန်လာ​တော့... မင်းတို့နဲ့အတူ ​ဆော့ဖို့မ​စောင့်နိုင်​တော့ဘူးကွ"

ထိထိတစ်​ယောက်သူ့အကြံနဲ့သူ စိတ်ကူးထဲတိုက်​ဆောက်​နေခဲ့သည်။

၃ရက်​လောက်​ဆေးရုံကိုမပျက်မကွက် အသွားအပြန်လုပ်ပြီး​ ဦးသထုံကို တစ်ပတ်လှည့်​နေရသည်။

ထိထိ​နောက်ဆုံး​နေ့​ဆေးသွင်း​နေရင်း​ဖုန်းသံမြည်လာ၍ ကိုင်လိုက်သည်။

"ဟဲလို... ထိကရုန်း​ပြော​နေပါတယ်။"

"ထိထိ အခုဘယ်မှာလဲ။ မင်းဘဲကြီးကို မိုးကြာဖြူကား​ပေါ်ပါသွားတာ​တွေ့လိုက်လို့ ငါတို့လိုက်​နေတယ်။"

"ဘာကွ"

ထိထိစိတ်လွတ်ပြီး လှဲနေရာက​ကောက်ခါငင်ခါထလိုက်တာ​ကြောင့် သူနာပြု​တောင်လန့်သွားသည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now