Unicode ------
နေမင်းကြီးမလာခင် တိမ်ဆိုင်တိမ်ခဲလေးများက သူတလှည့်ကိုယ်တလှည့်တိုးကြိတ်နေကြသောကြောင့်အေးချမ်းမူအရသာကို လူသားတို့ခံစားနေကြသည်....
အခန်းထောင့်ရှိ ကုတင်ဘေးတွင်ထားသော စာကြည့် စားပွဲခုံပေါ်က ဖုန်းသံလေးက အိမ့်မှူးမောင်မောင်၏ နားထဲသို့ အတိုင်းသားတိုးဝင်လာသည်
အိမ့်မှူးတစ်ယောက် မှိတ်ထားသောမျက်ခွံတို့ကို အတင်းဖွင့်ရင်း ဖုန်းသံမြည်ရာသို့မှန်းဆပြီး လက်လှမ်းလိုက်သည်
"ဟယ်လို ဖေဖေ အစောကြီးဘာကိစ္စရှိလို့လဲ"
"Happy Birthday သမီးလေး မွေးနေ့မှာပျော်ရွှင်ပါစေကွာ သမီးက အလုပ်တေရှုပ်နေတာနဲ့ မအားမှာဆိုးလို့ ဖေဖေ လှမ်းသတိပေးတာ "
"အဲလိုဆို လေနဲ့ပြောမနေနဲ့လေ လူကိုယ်တိုင်အရောက်လာခဲ့ပါလား" အိမ့်မှူးစသလိုလိုပြောလိုက်သည်
"လာချင်တာပေါ့သမီးရယ် ဒီတစ်ခါတော့ သူဌေးကိုရအောင် ဖေဖေ ပြောပါ့မယ်" အော်သနားစရာသမီးလေးရယ်.....
အိမ့် ဆေးကျောင်းတက်ဖို့အတွက် ဦးမြတ်ကျော်ခေါင်ရှိမှာ အိမ့်ဖေဖေက ငွေတေချေးခဲ့ပါတယ် တနေ့မှာကံဆိုးချင်တော့ ဦးမြတ်ကျော်ခေါင်ရဲ့အချစ်ဆုံးတပည့်က အိမ့်အပေါ်မကောင်းကြံစည်ခဲ့တယ် ဒါပေမဲ့ အချိန်မီဘဲ ဖေဖေက ကယ်တင်ခဲ့တယ် တပည့်ဖစ်သူကလဲဆုံးပါးသွားခဲ့တယ် / ဒါကြောင့်......
" မင်း ထောင်ကျခံမလား ငါ့အိမ်မှာ အပစ်ပေးဆပ်ရင်းနေမလား"
" ဟုတ် ကျွန်တော် သူဌေးအိမ်မှာဘဲနေပါ့မယ် "
" အေးတစ်ခုတော့ရှိတယ် မင်းငါ့အိမ်မှာ နေချင်ရင်မင်းသမီးကို ခေါ်မထားရဘူး ငါ့ကိုမပြောဘဲခိုးတွေ့ရင် မင်းသမီးကို တာဝန်မယူနိုင်ဘူး"
"ဗျာ....ဒါဆိုကျွန်တော့သမီးက အပြင်မှာတစ်ယောက်ထဲဖစ်နေမှာလေဗျာ"
"မင်း သေချာတွေးပေါ့ ထောင်ထဲမှာဆိုရင် မင်းသမီးကို မမြင်ရ သတင်းမကြားရဘဲဖစ်မှာနော်...နောက်တစ်ခုက သူ့ကျောင်းကိစ္စကိုငါတာဝန်ယူမယ်"
YOU ARE READING
🔲🎀𝕊 𝕙 𝕒 𝕣🎀🔲 ❗ Zawgyi+ Unicode❗