Unicode..
" သျှားးခက်နွယ်"
" ဟော..ခုအော်သံလေးတောင် ခါတိုင်းလို မမာနိုင်တော့ဘူး အဲတာ အားမရှိလို့လေ စားလိုက်ပါ ရော့"
မွှေးကြိုင်နေသော အနံ့တို့ကြောင့် အိမ့် တစ်ယောက်မှာဆက်ပြီး မမူနိုင်တော့ပါ ဗိုက်ကလဲ အရမ်းဆာနေသည်မို့ ပါးစပ်နား ဇွန်းရောက်လာတော့ ခပ်တည်တည်နက်ဘဲ ပါးစပ်ဟပေးလိုက်သည်
ဖြည်းဖြည်းချင်းစီဝါးပြလိုက်ပြီး လျာဖျားနဲ့ ထိတွေ့နေတဲ့ ထိုရသာက နောက်တခါ ထပ်စားပေးပါလို့ အိမ့်စိတ်ကို အထပ်ထပ်အခါခါတောင်းဆိုနေသလို..
သူ့ပြန်ကြည့်လိုက်တော့ သူ့မျက်လုံးက အိမ့်မျက်နှာပေါ်မှာမရှိ အိမ့်နှုတ်ခမ်းနားကကိုမခွာတာလေ..
အော်..ငါ့ဘဝလဲရင်လေးစရာ..ငါ့အိမ်မှာတောင် ပိုင်စိုးပိုင်နင်းနဲ့ သူလုပ်ချင်သလိုလုပ်ခံရတာ သူ့အိမ်များဆို ..အမလေး
တလုတ်ဝါးပြီး မြိုချလိုက်တော့ အသဲအသန် ရေသွားခပ်ပေးပြီး ရေခွက်ကို သူ့လက်တစ်ဘက်က အိမ့်ပါးစပ်နားတေ့စေပြီး ကျန်လက်တစ်ဘက်က အိမ့်ပါးစပ်အောက်နားခံထားသေးတယ်လေ
အိမ့်သူ့ကိုပြူးကြည့်နေတော့..
" ဘာကြည့်နေတာလဲ မရဲ့ သောက်လိုက်လေနော် လည်ချောင်းမရှင်းမှာဆိုးလို့ တငုံလောက်သောက်လိုက်နော် ပြီးရင်ဆက်ကျွေးမယ် လိမ္မာတယ်ကို့ ပူတူးပေါက်လေးက အာ..ဂလုဆိုမျိုချလိုက် "
ကျွန်မ သူနဲ့တွေ့တော့မ လူနာရှင်လုံးလုံးကိုဖစ်ကော..မဟုတ်ဘူး ၃နှစ်ကလေးဘဝရောက်သွားတာ..
အိမ့် အတွက်ဒီလိုတေ ဂရုစိုက်ခံရပြန်တော့လဲ ဒီကလေးကို သနားသလိုလို ရယ်ချင်သလိုလိုနဲ့ သေချာတာက အိမ့်သူကို စိတ်မပြတ်နိုင်သေးတယ်ဆိုတာဘဲ ..ဘယ်လောက်ကြီး မချစ်တော့ပါဘူး မုန်းတယ်ပြောပြော အိမ့်အတွင်းစိတ်ကိုတော့ အိမ့်တစ်ယောက်သာ အသိဆုံး
သေချာတွေးကြည့်ပြန်တော့လဲ သူ့မှာ မိဘမရှိရှာတော့ ဘဝကိုအတော်လေးရုန်းကန်ခဲ့ရရှာမှာ..သူ ဟိုသားအဖကို နာနာကျည်းကျည်းဖစ်နေတာ မဟုတ်မဖြင့် ဟိန်းထက်ဇော်တို့ သားအဖနဲ့ သူမိဘတေက တခုခုမြန်း ပက်သက်ဆက်နွယ်ခဲ့တာလား သူဘယ်လိုဖစ်လို့ အရမ်းနာကျည်းတဲ့ပုံဖစ်နေရှာတာလဲ...
ВЫ ЧИТАЕТЕ
🔲🎀𝕊 𝕙 𝕒 𝕣🎀🔲 ❗ Zawgyi+ Unicode❗