Unicode...
လေးလံသော မျက်ခွံတို့ကို အားယူဖွင့်ကြည့်လိုက်တော့ မထင်မရှားမျက်နှာကျက်မဲမဲနှင့် မှုန်ဝါးဝါးအလင်းရောင်တို့က စီးကြိုနေသည်
နားထဲတွင် လူတစ်ယောက်ထက်ပိုသော စကားသံတို့ကိုထပ်ကာထပ်ကာကြားနေရသည်--မမလေး မမလေးတဲ့-
ဖြစ်ပျက်ခဲ့တဲ့ ပုံစံကိုတွေးကြည့်မိတော့..
အော်..မက ငါ့အကြောင်းသိသွားခဲ့လို့ ငါခုလိုတေဖစ်နေခဲ့တာကိုးး
" မမလေး မမလေး သတိထားပါ"
သူမ တပည့်များကတော့ ပျာပျာသလဲ
မကြာမီ ဆရာဝန်မလေးတစ်ယောက်က လာစစ်ဆေးပြီးပြန်သွားခဲ့သည်
သျှား ထထိုင်မယ်ကျန်တော့
" မမလေး မထပါနဲ့အုန်း အေးအေးဆေးဆေးအနားယူပါဗျာ..ဆရာမက ပြောတယ် အားနည်းတာရော shockဖစ်သွားတာနဲ့ပါရောသွားတာတဲ့ ၅ရက်လောက်အနားယူရင် ကောင်းသွားမှာပါတဲ့"
သျှားလဲ မတတ်နိုင်တာမို့ လေးလေးစိုးပြောစကားများကိုသာ လက်ခံလိုက်ရသည်
အိပ်စက်ရန် အလို့ငှာ မျက်လုံးများကိုမှိတ်လိုက်ပြန်တော့လဲ သူမပြောခဲ့တဲ့စကားလုံးများက နားထဲကြားယောင်လာပြန်သည်မို့ -* ငါ့အချစ်ကို စော်ကားခဲ့တဲ့နင့်ကို မမြင်ချင်လောက်အောင် မုန်းလို့ဘဲ -* မျက်ခွံများကြားက အရည်ကြည်တို့က တဖန်တိုးထွက်နေပြန်သည်
ဒီလိုနေ့ရောက်လာမှန်းသိရက် ငါဟာခံနိုင်ရည်မရှိပါလား သျှားခက်နွယ်ရာ...
မနဲ့ ပက်သက်သမျှ အမှတ်တရတေက ပိတ်ကားပေါ်မှာ ပြသနေသလိုမျိုး ကို့ဦးနှောက်ထဲမှာ ထင်ထင်ရှားရှားကြီးမှတ်မိနေသေးတယ်မ..ဟင့်အင် ကွဲကွာသွားတဲ့သူတေသုံးသလို အမှတ်တရလို့ မသုံးချင်ဘူးမ.. ကိုနဲ့မရဲ့ ပျော်ရွှင်စရာကောင်းခဲ့တဲ့ အတိတ်ကာလလို့ သုံးပါရစေ..
ဆိုဖာပေါ်မှာနမ်းခဲ့ကြတဲ့ အနမ်းမိုးတေ၊ အလုပ်လုပ်နေရင်းဘေးနားမှာ ကလေးလေးလို ကို့ရင်ခွင်ထဲမှာဆော့နေတဲ့ အချိန်ကာလလေးတေ..ဟင်းရည်ပူလို့မှုတ်ပေးတဲ့ အခိုက်အတန့်လေးတေ ၊ မရဲ့ ဖြူစင်တဲ့ ရယ်သံလေးတေ မနဲ့ပက်သက်ခဲ့တဲ့ အစစအရာရာတိုင်းကို နားထဲမှာ၊ မျက်လုံးထဲမှာ၊ နှလုံးသားထဲ အသွေးအသားတေထဲ မေ့ဖျောက်လို့မရနိုင်သည်ထိ စိမ့်ဝင်ပျော်ဝင်နေပီ မရဲ့..အဲတာဘယ်လိုလုပ်မလဲဟင်..
ВЫ ЧИТАЕТЕ
🔲🎀𝕊 𝕙 𝕒 𝕣🎀🔲 ❗ Zawgyi+ Unicode❗