Part 7

3.8K 242 12
                                        

Unicode...

" ဟယ်လို သူဌေးကျွန်တော်ရောက်နေပါပီဗျ meetingမှာဘဲ စောင့်နေပါ့မယ် "

" အင်းအင်းဟုတ်ပီ"

နေခ လိုအပ်သည်စာရွက်စာတန်းတို့ကို ပြင်ဆင်ပီး ထွက်လာခဲ့သည်

ဘုတ်...

"ဟာ..ရလားညီမ"

နေခ မှတ်တမ်းတချို့ထပ်ယူချင်ပါသေးသည်

သိုသော်meetingစဖို့ အချိန်ကလဲနီးကပ်နေပါပြီ အချိန်နောက်မကျခင် လိုချင်သောကြောင့် ကသောကမျောပြေးလာခဲ့ခြင်းဖစ်သည်/ ဝင်ပေါက်ဝတွင်ကောင်မလေးတစ်ယောက်နှင့် ဝင်တိုက်မိ၍ ကောင်မလေးကိုကြည့်လိုက်တော့ နေခထက်ငယ်ပုံရသည်

"အကိုတောင်းပန်ပါတယ် အကိုက အရေးကြီးတဲ့ ပစ္စည်းတစ်ခုကျန်ခဲ့လို့ စိတ်လောသွားလို့ပါ ညီမလေး ဘာဖစ်သွားသေးလဲ.."

ထိုကောင်မလေးက နေခအားတချက် ကြည့်ကာ

"အလုပ်တစ်ခုကိုပြာပြာသလဲ လုပ်တတ်တဲ့သူက အမှားများပီးတော့ အောင်မြင်ဖို့နည်းတယ် မန်နေဂျာ တစ်ယောက်အနေနဲ့ နောက်ဆိုရင် ဒီလိုအမှားမျိုးမဖစ်ပါစေနဲ့.."

နေခတို့ပညာသားပါပါနှင့် အနှိမ်ခံရပီလေ ပိုဆိုးတာက ကိုယ့်ထက်ငယ်တဲ့ကောင်မလေးတစ်ယောက်က ကိုယ့်ကိုဒီလိုပြောလိုပြောနေရအောင် သူကဘာမလို့လဲ..ကူညီချင်စိတ်တောင်ပျောက်တယ်

"ငါကလဲ သမင်သကာဝင်တိုက်ချင်လို့မ မဟုတ်တာ တောင်းပန်ပါတယ်လို့ပြောပီးပီနော်ကလေးမ"

သျှားကတော့ ထိုလူအားမှင်သေသေမျက်နှာထားနှင့်ကြည့်ရင်း

"တောင်းပန်တိုင်း အရာရာပြန်ကောင်းလာမယ်ဆိုရင် ဥပဒေဆိုတာဖစ်လာမှာမဟုတ်ဘူး

တောင်းပန်တိုင်းအသက်ပြန်ရှင်လာမယ်ဆိုရင် ဆေးရုံတေဆိုတာရှိလာမှာမဟုတ်ဘူး

မင်းကရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူးဆိုပေမဲ့ ကာယကံရှင်ဘက်ကတော့ ရည်မှန်းချက်တေ မျှော်လင့်ချက်တေ မထားနိုင်လောက်အောင် ဘဝတေပျက်စီးသွားတတ်တယ် မင်းရဲ့ဘာမဟုတ်တဲ့ကိစ္စလေးကပေါ့ .."

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Where stories live. Discover now