Part 18

3.1K 228 33
                                        

Unicode......

မြူးကြွကြွသံစဉ်များနှင့်အတူ တဖြတ်ဖြတ်လင်းလက်နေသောမီးရောင်စုံများကြားထဲတွင် အဝတ်အစားမျိုးစုံ အဆင်တန်ဆာမျိုးစုံဝတ်ဆင်ထားသော လူအများက ကခုန်မြူးတူးနေကြသည်

အများစုဟာ သံစဉ်များနှင့်အတူစီးမျောလိုက်ပါနေသော်လည်း တစ်စုံတစ်ယောက်ကတော့ သူ၏လက်ထဲရှိနီညိုရောင် ဝိုင်များအား မဆိုသလောက်လှုပ်ခတ်ပေးနေသည်....

hoodie ခေါင်းစွပ်အမဲနှင့် ဘောင်းဘီရှည်ဝတ်ဆင်ထားသော လူတစ်ယောက်၏အကြည့်က တစုံတစ်ယောက်ဆီသို့ကျရောက်နေသည်/ ခေါင်စွပ်ဟာကြီးလွန်းသောကြောင့် သူ၏မျက်နှာတဝက်အထိဖုံးအုပ်နေသလို..

စကပ်ပေါင်တိုဝတ်ဆင်ထားပြီးကခုန်မြူးတူးနေသော မိန်းမတစ်ယောက်အားပွတ်သပ်နေသည့်  ထိုယောကျ်ားဟာ သူ၏တဏှာစိတ်ကြောင့်ဘေးပတ်ဝန်းကျင်ကိုမြင်နိုင်မည် မထင်တော့..

" မမလေး ကျွန်တော်တို့အကွက်ထဲတော့ဝင်လာပြီ"

မဆိုးပါဘူး ဒီကောင်မလေးက ချုပ်တတ်သားဘဲ...

ထိုလူနှစ်ယောက်၏ချစ်တင်းနှောနေသည့်ပုံကို သျှားခက်နွယ်တစ်ယောက် ခြေချိတ်တင်ထားကာ ဝိုင်အနည်းငယ်မော့ရင်း စိတ်ပြေလက်ပြေကြည့်ရှုနေသည်/ သိပ့်မကြာခင် ဇတ်လမ်းကောင်းတစ်ခုကို မြင်ရတော့မယ်လေ

" အပြင်ထွက်တာနဲ့ သတင်းထောက်ကိုစခိုင်းတော့.."

"ဟုတ်ကဲ့ပါ မမလေး"

.......

" ကိုကြီး ညီမလေးပြန်တော့မယ်နောက်ကျနေပီ မေမေဆူခံရလိမ့်မယ်"

ဆေးသုံးစရာတောင်မလိုဘဲ တဏှာစိတ်မွှန်ထွန်နေသည့်ထိုယောကျ်ားက မကြားသလိုနှင့် ခန္ဓာကိုယ့်အနှံ့ဆက်လက် ပွတ်သပ်နေ‌သည်

"ကိုကြီးလို့.."

ထိုမိန်းကလေး၏လက်များကလဲ ဟိန်းထက်ဇော်ရင်ဘတ်ပေါ်၌ရွေ့ရှားနေဆဲ...

" သဲလေးကတစ်ယောက်ထဲပြန်တော့မှာလား ကိုကြီးလိုက်ပို့မယ်လေ ကိုကြီးမှာ သဲလေးမြင်ဘူးမှာမဟုတ်သေးတဲ့ ကားအကောင်စားကြီးပါတယ်.."

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Onde histórias criam vida. Descubra agora