Part 19

3.2K 233 41
                                        

Unicode.....

" ဘာကြည့်နာလဲ ကူထည့်လေ"

ခရီးတစ်ခုသွားဖို့ဆိုတာ လိုအပ်တာတေအကုန်အဆင်သင့်ဖစ်နေရမယ် မဟုတ်လား ဒါကြောင့်မို့ အသုံးလိုမည့် ပစ္စည်းတို့အား တစ်ခုမကျန်စစ်ယူ၍ ထည့်နေခြင်းသာ ဒါကိုကူမလုပ်ဘဲ အိမ့်ကိုဘေးကနေ  လက်ထောက်ပြီးထိုင်ကြည့်နေတဲ့ ဒီကောင်မလေး

ပြောလိုက်တော့ အင်တင်တင်ရုပ်ဖစ်သွားသေးသည်

"ဟုတ်..."

" ဒါနဲ့ ကားက ဘယ်ချိန်ထွက်မှာလဲ"

" မ ပြီးတဲ့အချိန်"

"ဟမ်.. ခုဟာက ကိုယ်ပိုင်ကားမဟုတ်ဘူးနော် သျှားခက်နွယ် လူအများနဲ့စီးရမှာ ကိုယ်သွားချင်တဲ့အချိန်သွားတော့ အချိန်မလေးစားရာကျမှာပေါ့ ကားသမားက ကိုယ့်ပြန်စောင့်နေရမှာ ဘယ်လောက်အားနာဖို့ကောင်းလိုက်လဲ.."

ကိုယ်ပိုင်ကားပါဘဲ .. မအတွက် သီးသန့်စီစဉ်ပေးထားတာ...(ရင်ထဲကစကားလုံးများကိုတော့ ထုတ်မပြောခဲ့ပါဖစ်ခဲ့ပါ ကိုယ် မကြိုက်ဆုံးအရာက လိမ်လည်လှည့်ဖျားမူပါဘဲ ကိုယ့်မုသားတေပေါ်သွားတဲ့ တနေ့ရောက်မှာလဲ သိပ့်ကြောက်မိတယ် ဒီအခြေအနေက ရှေ့တိုးမရ နောက်ဆုတ်မရ ဖစ်နေတော့..ကိုယ်ရဲရဲဝံ့ဝံ့ဘဲရှေ့ဆက်ပါရစေ သိပ့်ချစ်ရတဲ့ကောင်မလေးရေ)

"ဟီး ၉နာရီထွက်မှာ မက အကုန်အဆင်သင့်ဖစ်နေတော့ ကိုယ်က သမင်သက်သက်နောက်လိုက်တာ.. မစိတ်တိုသွားတဲ့ပုံလေးက ချစ်စရာလေးနော်..ကိုယ့်ကို ဘယ်တော့အဖြေပေးမှာလဲဟင်.."

ပြောပြောဆိုဆိုအိမ့်လက်ကို လာကိုင်ပြီး လက်ဝါးပြင်ပေါ်သို့ပွတ်သပ်နေသော ထိုကောင်မလေး...

အိမ့်အဖြေကို ကြိုသိနေလို့လားတော့မသိ..ဒီကလေးလေး အကြည့်များက အသက်ဝင်လွန်းလှသည်..

ပိုးကောင်လေး တစ်ကောင်ဟာ ပင့်ကူအိမ်မှာ ငြိတွယ်သွားတော့  သူ့အိမ်သူတည်ဆောက်ထားတဲ့ပင်ကူလေးရဲ့အပစ်မှမဟုတ်တာ သိရက်နဲ့ ဇွတ်ဝင်သွားတဲ့  ပိုးကောင်လေးရဲ့အပစ်ဘဲမလားးအိမ့်လဲဒီလိုပါဘဲ အိမ့်ဘဝက ပိုးကောင်လေးနှင့် သိပ့်တူလွန်းတယ်..

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Tempat cerita menjadi hidup. Temukan sekarang