Unicode............
လွန်ခဲ့တဲ့ နှစ်ရက်က လိုအပ်သည့် ပစ္စည်းများအားဝယ်ရန် အပြင်ထွက်ခဲ့သည် အမှတ်တမဲ့ သူမလေးအား တွေ့လိုက်ရ၍ ကိုယ့်မှာ အတိုင်းမသိပျော်ရွှင်သွားသော်လည်း စိတ်ကိုသတိနှင့်ထိန်းချုပ်လိုက်ရသည် /တချိန်ချိန်မှာ ကိုယ်နှစ်သက်ရတဲ့သူကို တဘက်လူက ဓားစာခံအဖစ်အသုံးချမှာမလိုလားပါ /ကိုယ့်ကိစ္စတေကိုအမြန်ဆုံးရှင်းလင်းပီးတဲ့ တနေ့ ဟိန်းထက်ဇော်ရှေ့မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့သူအဖစ် အနိုင်ယူပြမည်/ ထိုကြောင့် သူမလေးကို နောက်ကွယ်ကနေ စောက်ရှောက်မည်ဟုဆုံးဖြတ်ထားသည်
" အိမ့် မတွေ့ရတာကြာပီနော် နေကောင်းလား "
duty offဖစ်သောကြောင့် shoppingထွက်လာခဲ့ခြင်းဖစ်သည် / ယွန်းနှင့်သိမ့်တို့မှာ သူတို့အလုပ်နှင့်သူတို့ရှုပ်နေသောကြောင် အိမ့်တစ်ယောက်ထဲ ထွက်လာခဲ့သည် /အထည်ရွေးနေတုန်း တစုံတစ်ယောက်နှင့်တူသောအသံကို အိမ့်ကြားလိုက်ပါသည် ဟုတ်ပါတယ် အိမ့်မတွေ့ချင်သော ဟိန်းထက်ဇော်ပါ / သူ့မိသားစုနှင့်ရော သူနှင့်ပါခပ်ကင်းကင်းနေချင်သော အိမ့်မှာ ထိုလူကိုခနခနတွေ့ရတာ စိတ်ကျဉ်းကြပ်သလိုခံစားရသည်/မိဘမရှိဘဲ အပြင်လောကမှာ အခက်အခဲပေါင်းများစွာကိုကျော်ဖြတ်ခဲ့ရသည်ခုအခြေအနေဟာ အိမ့်ဘဝအတွက်အခြေခိုင်နေပါပြီ သို့သော်သူ့ကြောင့်အိမ့်ဘဝလေးပျက်စီးမှာကိုကြောက်မိသည်/ ငယ်ငယ်တုန်းက ခင်ခဲ့ဘူးသော သူငယ်ချင်းသံယောဇဉ်ကြောင့် အလိုက်သင့်ဆက်ဆံနေခြင်းသာ..
" အွန်းကောင်းပါတယ် တစ်ယောက်ထဲလား"
"တစ်ယောက်ထဲဘဲ နင့်ဆီသမင်သက်သက်လာတာ ယွန်းတို့ကို ဖုန်းဆက်ကြည့်လိုက်တော့ နင်ဒီမှာရှိလောက်မယ်ဆိုတော့ ငါဖြင့်လိုက်ရှာလိုက်ရတာ ခုမတွေ့တယ်တော့ နင့်ကိုတွေ့တော့မှဘဲအမောပြေတော့တယ်"
မချိုမချဉ်ကြည့်နေသည့် ဟိန်းထက်ဇော်အကြည့်တို့ကို အိမ့်မကြိုက်ပါ ဘယ်လိုဘဲသူငယ်ချင်းဆက်ဆံရေးပါလို့ ပြောပြော ထိုလူကြည့်နေသည့်အကြည့်တို့က မရိုးသားဟု ခံစားမိသည်
"အော် ...ငါ့ကိုတွေ့ချင်တာ ဘာကိစ္စပါလိမ့်"
" အဟင်း အဲတာကလေ ငါစကားနည်းနည်းပြောစရာရှိလို့ ငါ့တို့ဆိုင်တစ်ဆိုင်မှာ မုန့်စားရင်းပြောကြမလား"
DU LIEST GERADE
🔲🎀𝕊 𝕙 𝕒 𝕣🎀🔲 ❗ Zawgyi+ Unicode❗