Part 32 .

3.7K 307 62
                                        

Unicode.

အိမ့်အနားအပြေးလေးသွားလိုက်ရင်းပင် ထွက်နေတဲ့သွေးတေကို သျှားနှုတ်ခမ်းသားများနှင့်ဆုပ်ယူလိုက်သည်

အင်း အိမ့်အကြံအောင်မြင်တယ်ပြောရမယ် 

" မ အခန်းထဲသွားရအောင်နော် ကိုဆေးထည့်ပေးမယ်"

" ရပါတယ် အပေါ်ယံလေးပါ တစ်ရက်နှစ်ရက်လောက်နေရင်ပျောက်သွားလိမ့်မယ်"

ပါးစပ်ကသာရပါတယ်ပြောနေပေမဲ့ စိတ်ထဲမှာတော့ သွေးတလိမ့်လိမ့်ထွက်နေပြီး တဆစ်ဆစ်ဖစ်နေတဲ့အနာဒဏ်ကို ကြိတ်ခံနေရသည် ဒါပေမဲ့လဲ ကျေနပ်တယ်

 ဒီအခြေအနေဖစ်အောင် အိမ့်ဘက်ကဘဲ သမင်သကာသွေးထွက်အောင်ဖန်တီးလိုက်တာမလား သူစိမ်းမိန်းကလေးတစ်ယောက်က ခုလိုအသားယူနေတာကိုတော့ ထိုင်မကြည့်နိုင်ပါ...အိမ့်သူကို ချစ်ချစ်မချစ်ချစ် သူ့ ကတော့ အိမ့်ကိုဘဲ ကြိုက်နေရမယ် အိမ့်ဆီကိုဘဲ သူအာရုံထားရမယ် သူဖမ်းထားတာ သူမှာတာဝန်အပြည့်ရှိတယ်.... ကြံရာမရတဲ့အဆုံး သူ့စိတ်တေ အိမ့်ဘက်အမြန်ဆုံးရောက်အောင် အခုလိုလုပ်လိုက်မိခြင်းသာ...

တခါတလေ ဘာတေလုပ်မိမှန်းမသိတဲ့ အိမ့်စိတ်ကိုလဲ လိုက်မမှီတော့ဘူး 

" ဘာရတယ်လဲ ဆရာဝန်တစ်ယောက်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းက လက်မလား မေးခိုင်ပိုးဝင်သွားရင်ဘယ်လိုလုပ်မလဲ၊  အနာရှိန်ကြောင့် ဖျားသွားခဲ့ရင်ဘယ်လိုလုပ်မလဲ ကိုကတော့ ကို့အတွက်ဘဲကြည့်တယ်..ကို့ပိုင်ရှင် တစ်ခုခုဖစ်တာနဲ့ ကို့နှလုံးသားလဲ နေမကောင်းတော့လို့ ကို့နှလုံးသားအတွက် အနာမခံနိုင်ဘူး အဲတော့ ကို့အတွက် မ လက်ကိုဆေးထည့်ရမယ် လက်ဆိုတာအရမ်းအရေးကြီးတယ်.. မဟုတ်ဘူးတကိုယ်လုံးအရေးကြီးတယ် "

ပြောပြောဆိုဆိုနဲ့ အိမ့်ကိုပွေ့ချီလိုက်သည်( လက်လေးဘဲထိတာကိုနော်..အကိုသျှားအတော်ဖစ်နေတာ)

" ဘာ ဘာလုပ်တာလဲ အောက်ပြန်ချပေးလေ"

အိမ့်ပြောတာကို မကြားသလိုနှင့်လုပ်ကာ အခန်းထဲကိုသွားမည်မလုပ်

" အော်..မသွန်းအတွက်အခန်းစီစဉ်ထားတယ် နားလိုက်နော် လိုအပ်တာတေကိုလဲ အဒေါ်ကြီးတေကိုမှာလို့ရတယ်.."

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Место, где живут истории. Откройте их для себя