Part 25

2.7K 228 21
                                        

Unicode

" boss သတင်းကောင်းဘဲ ခင်ဗျ"

ဦးမြတ်ကျော်ခေါင်တစ်ယောက် အလုပ်လုပ်နေရင်း တပည့်ဖစ်သူမ ဖုန်းလေးကိုင်လာကာ ရောက်ချလာသည်

" ဘာဖစ်လို့လဲ"

 " ရှယ်ယာတေကိုဝယ်သူရှိလာပြီ"

ပျော်ရွှင်သွားသော စိတ်ကမျက်နှာဆီကူးလူးနေတော့ ရွှင်မြူးနေသော မျက်နှာထားက တဘက်လူကို အတိုင်းသား မြင်ရစေသည်

သို့ပေမဲ့ သူတချက်တွေးမိလိုက်သည်က

ငါ့ရှယ်ယာတေကိုဝယ်နိုင်တဲ့သူဟာ တော်ရုံတော့မဟုတ်‌လောက်ဘူး

စီးပွားရေးလောကဆိုတာ မုသာဝါဒပေါ်မှာ အခြေတည်ထားတဲ့အိမ်ဆိုတော့ အလိမ်အညာတေလဲ သတိထားရမယ်

" ဘယ်ကလဲ"

" future companyကပါ US အခြေစိုက် companyကြီးတစ်ခုဖစ်တဲ့အပြင် ပြည်ပဈေးကွက်ကို ချုပ်ကိုင်နိုင်တဲ့ companyများထဲက တစ်ခုပါ"

" သူ့အချက်အလက်တေအကုန်သိချင်တယ်"

"ဟုတ်ကဲ့"

ခနအကြာ...

ဒီအချိန်မှာ ထီပေါက်လို့ပျော်နေသည့်အတိုင်း ပျော်ရွှင်နေတဲ့ သူတစ်ယောက်ဟာ ဘယ်သူဖစ်လောက်မလဲ

သိပ့်ပျော်လွန်းလို့ စိတ်ထဲက အရောင်များဟာမျက်နှာပေါ်မှာ အပြုံးများဖစ်စေသည်

" ပေးစမ်း အဲဖုန်း"

လက်ထဲက ဖုန်းအားအတင်းဆွဲယူလိုက်ပြီး

.

" ဟုတ်ကဲ့ပါခင်ဗျ..ဟုတ်ကဲ့ စိတ်ချပါ ကျွန်တော်ကိုယ်တိုင်အရောက်လာခဲ့ပါ့မယ်"

လက်ထဲက ဖုန်းအား ဂွပ်ခနဲ့ချလိုက်သည်နှင့် တပြိုင်နက်..အပြုံးရင့်ရင့်ဟာ..

ငါမြတ်ကျော်ခေါင်က ဘဝမှာ ကျဆုံးဘူးတာဘယ်တော့မ မရှိဘူး ဒုက္ခရောက်တိုင်း အကူအညီပေါ်လာတဲ့ ငါ့ဘုန်းတန်ခိုးက သာမန်အဆင့်တော့မဟုတ်ဘူးဘဲ /အေးလေ ဒီနေရာရောက်အောင်လဲ မနည်းကြိုးစားလာရတာမလား ဒါကြောင့်မလို့ ငါ့companyကို လုံးဝအဆုံးရှုံးမခံနိုင်ဘူးး

....

duty ချိန်ပြီးပြီမို့ အိမ်ပြန်လာတော့ တိုက်ခန်းအောက်ထပ်မှာ ပုံးကိုယ်စီနှင့် လူတချို့အလုပ်ရှုပ်နေကြသည်

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Where stories live. Discover now