part 29

3.4K 247 42
                                        

Unicode..

ဝိုင်ခွက်အားကိုင်လျှက် အနည်းငယ်ရှိသော အရည်တို့အား လှုပ်ခတ်ရင်း တစုံတစ်ခုကို စဉ်းစားနေသည်

ဒီည ကြယ်တေက သိပ့်ကိုလှပလွန်းသည်၊ အေးချမ်းလွန်းသည်၊ ကြည့်မိလျှင် အလွမ်းဓာတ်ကို နှစ်ဆ တိုးစေသည်

စံအိမ်၏ အမြင်ဆုံးအထပ် ဝရံတာတွင် ရပ်လျှက် တစ်စုံတရာကို စောင့်မျှော်နေသော မိန်းကလေးတစ်ယောက်ဆိုတာ သျှားခက်နွယ်ပါဘဲ

ကိုယ့်လုပ်ရပ်က တဘက်သတ်ဆန်လွန်းမှန်းသိပါတယ်၊ ဒါပေမဲ့လဲ ရှေ့တိုးမရ နောက်ဆုတ်မရတဲ့ အခြေအနေမလို့ စုံလုံးကန်းပါရစေ...ပြိုင်ဘက်က မိန်းကလေးမဟုတ်တော့..ကိုယ့်အတွက် ခြေတလှမ်းနောက်ကျရင် တသက်လုံးနောင်တ ရမိလိမ့်မယ်..

ကို..နောင်တမရချင်ဘူးမ၊ မကို ထာဝရပိုင်ဆိုင်ပါရစေ..

သျှား အတွေးပေါင်းစုံဝင်နေချိန် ခြံထဲ သို့ကားတစ်စီး ရောက်လာသည်

အောက်ထပ်ကို ဆင်းလာတော့ မျက်နှာငယ်နှင့် ကြည့်နေသော ထိုလူ..

" နေကောင်းလား အန်ကယ်"

ယောက်ကထီးလောင်းကြီးက မျက်ရည်ဝဲနေတော့လဲ ကိုယ်လဲ စိတ်မကောင်းဖစ်မိသား

" ကျွန်တော်တောင်းပန်ပါတယ်ဗျာ ထောင်ထဲတော့ မဝင်ပါရစေနဲ့ ကျွန်တော့ သမီးနဲ့ တွေ့ရဖို့ ရက်နည်းနည်းလိုတော့လို့ပါဗျာ..ဖစ်နိုင်ရင် ဒီအကြွေးတေကို အလုပ်လုပ်ရင်းဆပ်ပါ့မယ်ဗျာ.."

လက်အုပ်ချီတောင်းပန်နေသော်လည်း သျှားခက်နွယ်မှာတော့ အေးအေးဆေးဆေးခြေချိတ်ထိုင်နေတုန်းပါ

" သိန်းတစ်သောင်းကို အန်ကယ်က အလုပ်လုပ်ရင်းဆပ်မယ်ဆိုတော့ ဘာလဲ လောင်းကစားထပ်လုပ်ပြီးတော့မ ဆပ်မှာလား အဲငွေထက် အန်ကယ်ပိုယူထားတာ အန်ကယ်ကိုယ်တိုင်သိမှာပါ"

ဦးစိုးတစ်ယောက်ကတော့ စိတ်ထဲမှာ ပြုံးချင်ပေမဲ့ သူ့မမလေးကိုကြည့်လိုက် ထိုလူကိုကြည့်လိုက်လုပ်နေသည်

အိမ့်မှူးမောင်မောင်၏ အဖေလုပ်သူကို စည်းရုံး ပြီးအမျိုးမျိုးသောစကားလုံးတေသွတ်သွင်းရင်း လိုင်စင်ရကာစီနိုလောင်းကစားရုံ ပုံစံလိုမျိုးလုပ်ကာ  လူအများနှင့်ငွေအင်အားသုံး၍ လှည့်ဖျားခဲ့ခြင်းဖစ်သည်

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Where stories live. Discover now