Part 15

3.3K 230 27
                                        

Unicode............

" ဟယ်လို့ သျှားလေး နင်အဆင်သင့်ဖစ်ပီလား"

"အေးအေး လာခေါ်လို့ရပီ.."

နေပြည်တော်သို့သွားရန်ဖစ်သည် အလုပ်ကိစ္စလဲဖစ်နေတဲ့အပြင် ဟိုကအခြေအနေကိုပါသိချင်သောကြောင့်လိုက်ခဲ့ခြင်းဖစ်သော်လည်း မမကိုတော့လုံးဝစိတ်မချနိုင်ပါ.. ကိုယ်မရှိတဲ့အချိန် မမတစ်ယောက်ထဲနေရမှာပါ မတော်တဆ ဟိုကောင်က မမကိုညဘက်လာတွေ့မယ်ဆိုရင်ကော....ဟာ မဖစ်နိုင်တာ မမကအဲလိုလူမျိုးမဟုတ်ဘူးး မဟုတ်တဲ့အတွေးတေမဝင်နဲ့ သျှားခက်နွယ်အလုပ်ကိုသာ အာရုံစိုက်ထား..

တစ်ရက်နှစ်ရက်လောက် နေရမှာဆိုတော့ အဝတ်အစားအနည်းငယ်ထည့်ထားသည် လိုရမယ်ရ တန်ဆာပလာအနည်းအကျဉ်းနှင့် စာရွက်စာတန်းတချို့ထည့်ထားသော အိတ်ကလဲ သျှားဘေးနားတွင်အဆင်သင့်ဖစ်နေပါပြီ...

သျှားဘက်ကထွက်ခွာဖို့ဘဲကျန်တော့မည် သို့သော်...........

ဖစ်နိုင်လျှင် မမကိုဖက်ပီးနှုတ်ဆက်ချင်သည် / ခါတိုင်း ဒီအချိန်လောက်ဆို မမနိုးနေပါပြီ ဒါပေမဲ့ duty offဖစ်သောကြောင့် သူမလေးအိပ်ရေးဝဝ အိပ်ပါစေဆိုပီးထားလိုက်သည်..ကိုယ့်ကြောင့်တော့ အပြည့်အဝအနားယူရမည်အချိန်ကိုအပဲ့မခံနိုင် ..မှာစရာရှိတာတို့ကို note အဝါစာရွက်လေးအပေါ်ရေးပီး မှာခဲ့လိုက်တော့မယ်...

ရေးပြီးတော့ ထိုစာရွက်လေးကို မမအခန်း၏အဝင်ဝတံခါးပေါ်သို့ကပ်လိုက်သည်

ဘယ်လိုမှန်းမသိ ဒီခရီးသွားဖို့ရန်အတွက် သျှားစိတ်တေက လေးလံနေသလို... ချစ်ရတဲ့သူကြောင့်ဆိုပိုမှန်လိမ့်မယ်

ဖြူဖြူရှည်ရှည်ခြေတံသွယ်သွယ်တို့က ရှေ့သို့ဦးတည်နေသော်လည်း ခေါင်းကတော့ အနောက်သို့လှည့်ကာလှည့်ကားကြည့်ရင်းဖြင့်..စိတ်မှာလဲ မမထွက်လာမှာကို လိုချင်မိသည်...သို့သော် သူမငေးမောနေခဲ့သော တံခါးလေးက မလှုပ်မယှက်ငြိမ်သက်နေဆဲ... ထို့နောက် သူမ မသွားချင်သောခရီးတစ်ခုဆီသို့...လက်ကိုင်အိတ်အမဲလေးအား ဆွဲကိုင်လျှက်ထွက်ခွာသွားခဲ့သည်

...........

တလမ်းလုံးငြိမ်သက်နေသော သူငယ်ချင်းဖစ်သူကိုဆုမြတ်မယုံချင်တော့ သူကအနေအထိုင် အေးဆေးတာမှန်ပေမဲ့ဒီလောက်တော့ တိတ်ဆိတ်မနေတတ်ပါ ..နှစ်ယောက်ထဲရှိသည့်အချိန် အလုပ်အားသည့်အချိန်တို့တွင် စီးပွားရေးအကြောင်းအရာတစ်ခုကိုအမြဲတမ်းပြောလေ့ရှိသည် ခုတော့...

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Where stories live. Discover now