Unicode...........................
ပြန်ထမည်လုပ်တော့..သျှားလည်တိုင်ကို အတင်းဖက်ထားကာ ပါးပြင်ပေါ်အား သူမလက်လေးများနှင့် ပွတ်သပ်နေရင်း အကြည့်စူးစူးများနှင့် ညို့ယူဖမ်းစားနေသည်
" ကလေးငယ်နဲ့ အဲပိုးဆိုတဲ့ ကောင်မလေးနဲ့ဘယ်လိုပက်သက်တာလဲဟင် အဲဒီကောင်မလေးက ကလေးအနားကိုသိပ့်ကပ်တာဘဲ မမကြည့်လို့ကိုမရဘူး ဟွန့်... ပီးတော့ကလေးက အဲကောင်မလေးအလှနောက်ပါနေတာလားပြော ဘာလဲ တူက ချောလို့လား ခေတ်ဆန်လို့လား မမက သူ့လောက်မလှလို့လားး"
ကိုယ့်အောက်က အကောင်ငယ်လေးဟာ မှေးတေးတေးမျက်လုံးကလေးနှင့် မပီကလာအသံချွဲတဲတဲအသံကလေးနှင့်ပြောလိုက် နှုတ်ခမ်းလေးဆူထွက်လာလိုက်လုပ်နေတော့ ကိုယ့်မှာဆေးမိပြန်သည် ကြည့်နေရင်းပင် သူမ နှုတ်ခမ်းထူထူကလေးနှင့် မျက်လုံးဝိုင်းဝိုင်းကလေးတို့အား မြတ်နိုးတာထက်ပိုလာသည်ဟုထင်ပါရဲ့
" သူက ကိုယ့်ကို မရမက သိမ်းသွင်းမြူဆွယ်မယ်ဆိုရင်တောင် ကိုယ်ရဲ့ နှလုံးသားသော့ကို ဟော့ဒီကကောင်မလေးကိုအပိုင်ပေးထားတဲ့အတွက် သူ့အတွက်ပင်ပန်းတာဘဲရှိမှာပါ ဥပမာ ဒဿက သူရဲ့ အသက်ငှက်ကလေးကို တပါးသူကိုပေးပီး စစ်တိုက်သလိုပေါ့ ရန်သူတေ ဘယ်လောက်တိုက်တိုက် သူမသေနိုင်ဘူးလေ ကိုယ်လဲအဲလိုပါဘဲ ကိုယ့်အချစ်ငှက်ကလေးကို ဒီမိန်းကလေးကိုအပိုင်ပေးပီးသား"
သျှားနှင့် အိမ့်တို့ကြားထဲရှိလေဟာနယ်ဟာ ၁လက်မနီးပါးလောက်သာရှိတော့သည်/ တစ်ယောက်နှင့်တစ်ယောက်လဲ အကြည့်ချင်းမလွဲကြသေးး
" ကလေးငယ်လေး... နက်ဖြန်ကလေးမွေးနေ့နော် ဘာလိုချင်လဲ"
" ကိုယ့်ဘဝအတွက်အရေးအကြီးဆုံးလိုအပ်ချက်က မမပါဘဲ ကျန်တာတေမရှိလဲ မမရှိရင်ပြည့်စုံပါတယ် ဒါပေမဲ့ ဒါကအိမ်မက်ပါဘဲ မဖစ်နိင်ဘူးဆိုတာသိပေမဲ့ တခါတလေကျတော့ လောဘကြီးချင်တယ်"
မျက်ဝန်းမှ အရည်ကြည်လေးများ တွဲခိုလာသည်မို့ သျှားမျက်နှာကို ဘေးသို့လွဲလိုက်သည် သို့သော် မမက သူမလက်နုနုကလေးများနှင့် သျှာပါးရိုးလေးများကို ဆွဲယူလိုက်ရင်း သူမနှင့်မျက်နှာချင်းဆိုင်ဖစ်စေသည်
YOU ARE READING
🔲🎀𝕊 𝕙 𝕒 𝕣🎀🔲 ❗ Zawgyi+ Unicode❗