Part 17

3.1K 227 26
                                        

Unicode.......

ထိုကလေးပေးထားတဲ့ ပြဿနာအိုးကြောင့် အိမ့်ဆေးရုံတွင်ကြာကြာမနေရဲတော့... ထို့ကြောင့်နေ့လယ်ပိုင်းရောက်တော့ ပြန်လာခဲ့သည် သို့ပေမဲ့လဲ မာဖလာပတ်ပြန်လာတဲ့ အိမ့်ကို အိမ်နီးနားချင်း အဒေါ်ကြီးများက - ဒေါက်တာလေး ဖျားနေလို့လား-တဲ့ ပြုံးစိစိကြီးနဲ့လုပ်သွားကြတယ်လေ တကယ်ပါအိမ့်မှာ သူနဲ့တွေ့မ အရူးကြီးတပိုင်းကိုဖစ်ရော...

အိမ်ပြန်ရောက်တော့ ပင်ပန်းသည့်အရှိန်ကြောင့် ခြေလှမ်းတို့က ကုတင်ပေါ်ရှိသို့......

သို့သော်

တွန့်ကျေနေသော အိပ်ယာစတို့ကြောင့် မနေ့ညက သူနဲ့ဖစ်ခဲ့တဲ့အကြောင်းအရာက ခေါင်းထဲဒိန်းကနဲ့ 

ဟာ...ငါဘာတေတွေးနာလဲ ဟာ...ထုတ်စမ်းထုတ်စမ်း

ကိုယ့်ကိုတိုင်လဲစိတ်တိုမိပါတယ် သူ့ရဲအထိအတွေ့အောက်မှာ မရုန်းနိုင်ဘဲ သာယာမိတာကိုပေါ့..ချစ်တာကချစ်တာလေ မာနကမာနလေ ဒါကတော့လုံးဝမဆိုင်ဘူး လွယ်တဲ့မိန်းမလို့ထင်တာလောက်စိတ်တိုတာမရှိဘူး ...နောက်ခါလုံးဝငြိမ်မခံတော့ဘူး ဟွန့်..

‌တော်ပီအိပ်တော့ အိမ့်မှူးမောင်မောင်ရေ...နင်အိပ်သင့်ပြီ

တီ.တီ.တီ.

လက်တံတိုလေးက ၃ဂဏန်းကိုညွန်ပြတော့ သူရဲ့တာဝန်အတိုင်းအချက်ပေးနေသည်

ဝါးးငါတော်တော်အိပ်လိုက်တာဘဲ...၃နာရီတောင်ထိုးပြီ

ထိုနောက် မီးဖိုဆောင်ထဲသို့ ဝင်ကာ ညစာအတွက်ပြင်ဆင်တော့သည်

 ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်တဲ့အိမ်မို့ တခြားသူတေလို ကော့ပြန်သစ်လွင်မနေပေမဲ့ သူအနေထားနှင့်သူတော့ အဆင့်အတန်းရှိပါသည်/ ခုလဲ ပိုက်ဆံများများစုပြီးသွားပါပြီ ဖခင်ဖစ်သူကိုရအောင်ထုတ်ပြီး ဒီထက်အဆင့်မြင်တဲ့အိမ်မျိုးဝယ်ဖို့ပေါ့

လူ့လောဘ နတ်မလိုက်နိုင်ဆိုပေမဲ့ ..လူဆိုတဲ့အမျိုးက ရိုးသားကြိုးစားတဲ့လောဘရှိမှတိုးတက်တာလေ.. ...ကိုယ်ဟာ သုညဘဝရောက်နေပါစေ သူတောင်းစားသာသာ ကုန်းရှာနေရပါစေ စိတ်ပျက်အားငယ်ချင်းမရှိဘဲ ထိုနေရာကနေ၊ ထိုဘဝကနေ ရုန်းထွက်နိုင်အောင်ကြိုးစားမ လူရာဝင်မယ်မဟုတ်လားး

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Место, где живут истории. Откройте их для себя