Unicode,
အိမ်ပေါက်ဝကို ထပ်ကာထပ်ကာကြည့်နေတဲ့ မိန်းကလေးဟာ..ချစ်ရသူပြန်အလာကို မျှော်လင့်တကြီးနဲ့စောင့်မျှော်နေတုန်းပါ
သျှားပြန်မလာတာ ၂နာရီနီးပါးရှိနေတာကြောင့် တပည့်များကစုံစမ်းလိုက်ရှာနေကြသည်/ အဆောင်အယောင်များနဲ့ ပြည့်နက်နေတဲ့အိမ်ဟာ အဓိကဇတ်ကောင်မရှိတော့ ခြောက်ခြားဖွယ်ရာအတိ
ဆုမြတ်တို့ကလဲ အိမ့်ဘေးမှာနေပြီး အိမ့်ကိုစိတ်ချဖို့ စိတ်အေးအေးထားဖို့ပြောနေတာ ခနခနပါ
အိမ့်ကတော့ တံခါးပေါက်ဘေးမှာကို ငုတ်တုတ်ထိုင်စောင့်နေတာ ဘယ်လောက်တောင်ကြာသွားပီမသိ သို့ပေမဲ့ အချိန်တေအခါတေဆိုတာ သူမအတွက် မေ့မျော့နေသော အရာတခုဖစ်လို့နေခဲ့၏/ အပြင်ပန်းအနာတရတွေက အတွင်းဘက်အပူဓာတ်ကိုမမှီတာမို့ အိမ့်ဟာထိုနေရာမှာဘဲ အခုထိ မလှုပ်မရှက်ထိုင်နေတုန်း
ကလင် ...ကလင်..
အိမ် ph လာတာကြောင့် အိမ့်ခေါင်းက ဆတ်ခနဲထောင်မတ်လာပြီး အလျင်အမြန်ကိုင်လိုက်သည်
" ဟယ်လို"
မတိုးမကျယ်ထူးလိုက်တဲ့ အိမ့်အသံဟာရင်ခုန်မူအပေါင်းနဲ့ပြည့်စုံလှပါသည် ဒါမဟုတ်........စိတ်လှုပ်ရှားလွန်းသည်ပြောရမလားဘဲ
" မ အိမ့်မှူးမောင်မောင်လားခင်ဗျ"
ကလေးအသံအစား ဘာဖစ်လို့ တခြားသူအသံဖစ်နေတာလဲ... ဒီလူကကောဘာကိစ္စကြောင့်နဲ့များ အိမ့်ကိုသိနေတာလဲ...အိမ့်ဟာ မကောင်းတဲ့ကိစ္စနဲ့ပက်သက်ပီး မတွေးမိအောင်ထိန်းထားရတာ ပင်ပန်းလှပီ..တခုခုများဖစ်နေသလားဆိုတဲ့ အတွေးတို့က စိတ်ကိုလာလာတံခါးခေါက်နေတာ အကြိမ်ကြိမ်...မို့စိတ်ပူလွန်းလို့ သူပြန်မလာခင်ရူးတော့မည်
" ဟုတ်ကဲ့ပြောရမှာတော့စိတ်မကောင်းပါဘူးခင်ဗျာ..သေဆုံးသူရဲ့ မဆိုသလောက်မီးလောင်သွားတဲ့လိပ်စာကတ်မှတဆင့်စုံစမ်းရတာပါ...###နေရာကိုတချက်လောက်လာပေးရမလား ကျွန်တော်တို့အတည်ပြုစရာလေးရှိလို့ပါ ကားnbက ---------ပါ"
.
.
.
အခုချိန်ကား နေ့လယ်၂နာရီနဲ့၃၄ မိနစ်....
BẠN ĐANG ĐỌC
🔲🎀𝕊 𝕙 𝕒 𝕣🎀🔲 ❗ Zawgyi+ Unicode❗