Part 13

3.4K 264 28
                                        

Unicode................

ကလေးကိုတွေ့ချင်တာက တစ်ကြောင်းကလေးသူငယ်ချင်းနှင့်ဆက်ဆံရေးအဆင့်ကိုသိချင်တာကတစ်ကြောင်းဆိုတော့ အိမ့်ဆေးရုံကိုလိုက်သွားရန်ဆုံးဖြတ်လိုက်သည်/ ဒီတိုင်းလက်ဗလာနှင့်သွားလျှင်မကောင်းတတ်သည်မို့ convenience storeတွင် ကိတ်မုန့်နှင့် ငှက်သိုက်၂ဘူးကိုပါ လက်ဆောင်ပေးရန်ဝင်ဝယ်လိုက်သည်

ဆိုင်ပေါက်ဝတွင် ဝယ်ခဲ့သည့်ပစ္စည်းများကို ကြည့်ရင်း အတွေးတချို့ဝင်လာ၍ဆိုင်ထဲသို့ပြန်ဝင်လာခဲ့ကာ

ကလေးအတွက်မပါသေးဘူးလေ...သူကြိုက်တတ်တဲ့ အသားညှပ်ပေါင်မုန်ကလေးနှင့် ချောကလက် ကိုဝင်ရွေးနေတုန်း နောက်ဘက်မှအသံတစ်ခုကြားနေရသည်

"ဟဲ့ဒီမှာလေ UK မှာရှိတဲ့future company ရဲ့ ဒုက္ကဋ္ဌတဲ့မြန်မာနိုင်ငံတင်မကဘူးနိုင်ငံခြားမှာပါနာမည်ကြီး နေတာ"

"ဟယ်ချောလိုက်တာ ဘောစိပေါ့ဒါဆို လေယာဉ်ကွင်းမှာထင်တယ် အရပ်ကြီးအရှည်ကြီးဘဲဟဲ့ မိုက်နေရော ငါ့ကောင်မလေးဖစ်လာမဲ့ရုပ်"

"နေပါအုန်း မြန်မာရုပ်နဲ့ဆင်တယ်နော်"

"အော် နင်ဟာလေ အဲတာကြောင့်မို့ပါဆို သူကမြန်မာနိုင်ငံသားတဲ့နာမည်ကသျှားခက်နွယ်တဲ့ egနာမည်တော့ငါလဲမသိဘူး တင်တဲ့ကောင်မလေးက လေယာဉ်ကွင်းမှာတွေ့လို့ခိုးရိုက်တာဟ ဖစ်ချင်တော့onlineပေါ်ကအသိတေက သူတို့ဥက္က ဋ္ဌနဲ့တူတယ်ဆိုပီးလိုက်ရှာတာတဲ့ အဲcompanyက ဝန်ထမ်းတချို့ကအတည်ပြုတော့ခုလိုထပေါက်တာဟ မြန်မာနိင်ငံကဆိုတော့ ကောင်မတေကောင်တေကသိတဲ့အတိုင်းဘဲ ပိုဆိုးတာပေါ့ .."

"အေးဟ မိုက်တယ်ငါလဲသူ့accလိုက်ရှာအုန်းမယ်"

အိမ့်ထိုကောင်မလေးများပြောနေသည့်အသံကိုအတိုင်းသားကြားနေရပါသည် နာမည်ကတော့တူပါတယ်သို့ပေမဲ့ ကလေးကတော့ခုလိုရည်ရွယ်ချက်ရှိရှိတော့ညာမယ်မထင်ပါ နာမည်တူလူသူမရှားဆိုတဲ့စကားလဲရှိတာဘဲလေ ညာခဲ့ရင်တောင်အိမ့်ကချမ်းသာတဲ့သူမဟုတ်ဘူးမလား ပီးတော့ကလေးကလဲ အလုပ်တောင်ဝင်နေပီ ဒါဟာလုံးဝကိုဖစ်နိုင်စရာအကြောင်းမရှိသောကြောင့် သူတို့ပြောနေတဲ့ ဓာတ်ပုံကိုတောင်းမကြည့်တော့ဘဲ ဆိုင်ထဲမှထွက်လာခဲ့သည်

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Tempat cerita menjadi hidup. Temukan sekarang