Part 26

3K 238 20
                                        

Unicode..

ကြည်လင်တောက်ပနေတဲ့ ကြေးမုံမှန်တချပ်၏ ရှေ့တွင် ထိုင်နေသော မိန်းကလေးတစ်ယောက်..

ထူပိန်းနေတဲ့ မျက်ခုံးမွှေးအောက်က ကြည်လဲ့လဲ့မြွေမျက်လုံးပုံစံရှိသည့် သူမ...

ဖြူအုအုအသားအရည်ပေါ်တွင် dress အရှည်အနီရောင် လည်ဟိုက် အကျီကိုတွဲဖက် ဝတ်ဆင်ထားသည်က သူမ အလှကိုနဂိုထက်ပိုမိုထောက်ပံ့ပေးနေသယောင်

beauty blogger တစ်ဦးက သူ့တာဝန်အတိုင်းပြင်ဆင်ပြီးပြီမို့ ထွက်သွားသည်

သျှားခက်နွယ်တစ်ယောက် သူမရှေ့ အစီအရီချထားသည့် နှုတ်ခမ်းနီတောင့်များထဲက အနီတောင့်ဘူးလေးကို ကောက်ကိုင်ကာဆိုးလိုက်ရင်း မှန်တချပ်ရှေ့ ငြိမ်သက်စေသည်

ထိုနောက် လည်တိုင်ဖြူအုအုထက် စိန်ဘယက်လေးအား ဝတ်ဆင်လိုက်၍

ဒီလောက်ဆို အဆင်ပြေလောက်ပီထင်တယ်

သျှားခက်နွယ်ဟာ တော်ရုံပွဲလောက်ဆို dressဝတ်ဆင်လေ့မရှိပါဘူး သို့သော် ဒီနေ့က သူမအတွက်အထူးပြင်ဆင်ရမည့်နေ့ဟုဆိုရပေမည်..ထိုကြောင့် အနီရဲရဲတန်ဆာပစ္စည်းများကိုသာရွေး၍ ဝတ်ဆင်ထားခြင်းသာ

လှေကားပေါ်က ဆင်းလာသည့်ပုံကို သူမတပည့်များသာမက အိမ်အကူများကပါ ငေးမောကြည့်နေကြသည်

ဟုတ်သည်လေ ဒါဟာ သူတို့အတွက် ပထမဆုံးမြင်ကွင်းဘဲမလား

" ငါ့တို့ မမလေးက သိပ့်ကိုချောတာဘဲ"

"အေးကွ ဒါပေမဲ့ gay နေတာကိုတော့ နမျောတယ်ကွာ"

"ဟိတ်ကောင် တိုးတိုးပြောစမ်း လျာဖြတ်ခံချင်လို့လား"

ထိုစကားကြောင့် သူ့ကိုယ်သူပါးစပ်ကိုအတင်းပိတ်လိုက်သည့် တပည့်လေးတစ်ဦး

ဟုတ်ပါ့ကွာ...ငါတော့ ပြဿနာတက်တော့မလို့..

" အကုန်အဆင်သင့် ဖစ်နေပြီဆိုတော့ သွားရအောင်"

" ဟုတ်ကဲ့ပါ"

....

Hotel ဝင်ပေါက်ဝတွင် ကောင်မလေးတစ်ယောက်ဟာ ဖုန်းထုတ်၍ တစ်စုံတစ်ယောက်ဆီသို့ ဆက်သွယ်နေသည်

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Where stories live. Discover now