Part 34

3.5K 263 49
                                        

Unicode,

ကုတင်ပေါ်က နှစ်ယောက်ကို အိမ့်တို့နှစ်ယောက်ကြည့်ရင်း

"ကဲ ...ရှင်းပါအုန်းရှင်တို့..."

အိမ့်မှာ စိတ်ဆိုးရတော့မလိုရယ်ရတော့မလိုဘဲ...  တဘက်က သူငယ်ချင်း၊ တဘက်ကတော့ လက်ထပ်တော့မည့် ကောင်မလေးနဲ့ သူငယ်ချင်းလေ.. ပြုံးစိစိဖစ်နေတဲ့ သက်ဆိုင်သူဆီအကြည့်ရောက်သွားတော့ စိတ်ထဲမှာ ဒီသူငယ်ချင်းနှစ်ယောက်ဟာ လုပ်ချင်တာလုပ်ထားပြီးမ ငိုမဲ့မဲ့ရုပ်လေးတေလုပ်တတ်တဲ့ဓာတ်တူနံတူဟုမှတ်ယူမိတာအမှန်

အခြေအနေကတော့ တိတ်ဆိတ်လွန်းတယ်..

" ဟဲ့ နင်တို့က ဘာရပ်ကြည့်နေတာလဲ ငါ့ကလေးအကျီမရှိတာမမြင်ကြဘူးလားး အဝတ်အစားဝတ်ပေးတော့မလို့ ဟိုဘက်လှည့်နေကြ ...မျက်စောင်းတောင်လှည့်မထိုးကြနဲ့ ငါလက်သီးနဲ့တွေ့သွားမယ်..တကယ်တဲ..ငါ့မှာတော့ဥထားလိုက်ရတာ.. ဒင်းတို့လုပ်ပုံနဲ့တော့ ကုန်ပြီ ..."

သိမ့် အိမ့်ဆီသို့ သူပြောသလိုလုပ်လိုက်ဆိုတဲ့ပုံနဲ့ မျက်စပစ်ပြလိုက်တော့..အိမ့်လဲ ဆန့်ကျင်ဘက်အရပ်သို့မျက်နှာမူလိုက်သည်

ယွန်းဝတီစံ ကုတင်အောက်ကျနေတဲ့ အဝတ်အစားတေကို ဟိုတစ ဒီတစလိုက်ကောက်ပြီးတော့ ဆုမြတ်ကိုတစ်ခုချင်း ဝတ်ပေးနေသည်..အောက်ခံဘောင်းဘီကစအထိ..

အကုန်ဝတ်ပေးပြီးတော့...ယွန်းရင်ခွင်ထဲ အတင်းတိုးဝင်သွားပြီး ရှက်တတ်တဲ့သူများလုပ်တတ်တဲ့ထုံးစံအတိုင်း လက်သည်းခွံ များကိုကုတ်ခြစ်နေသောသူမှာ ဆုမြတ်တစ်ယောက်ရယ်ပါ.. သူကြောခိုင်းထားတဲ့ပတ်ဝန်းကျင်ကိုရှက်နေတယ် ထင်ပါရဲ့...သူ့ခေါင်းကို ယွန်းရင်ခွင်ထဲ အတင်းဖွက်ထားသည်လေ..  ပိုဆိုးတာက ဆုမြတ်လိမ်ခဲ့တဲ့ ထိုနှစ်ယောက်ကရှေ့ရောက်နေတော့ ခေါင်းတောင်မဖော်ရဲတော့..

flash back,

" အွင်းး..အွင်းးမမ ..အ့"

ဒူ...ဒူ...

" မမ..မမ ခန.ခနလေးရပ်ပါအုန်းး ph Ph  လာနေတယ်"

အချစ်စိတ်တက်နေတဲ့ ယွန်းဟာ ဆုမြတ်စကားကို မကြားချင်ယောင်ဆောင်ထားတာလား အကြားတော့တာလားမသိတောပါ.. အခုထိတိုင် သူစိတ်သဘောထားနောက် လိုက်နေတုန်း

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Dove le storie prendono vita. Scoprilo ora