Unicode.........
မကြာခင် အမှောင်ထုကဒီရွာငယ်ကလေးကို ဝါးမြိုသိမ်းမြှုပ်တော့မည်။
သပြေပင်များနှင့် နှင်းဆီပင်များပတ်ပတ်လည်စိုက်ပျိုးထား၍ပိုနေသော နေရာလွတ်လေးတွင် ဝါးဒါန်းလေးတစ်ခုရှိလေသည်။ သည်နေရာသည်ကား မောင်နှမ သုံးယောက်ကြား နန်းခင်တစ်ယောက်ထဲသာ အနိုင်ယူတိုက်ခိုက်သိမ်းပိုက်ထားသော ဘုံဗ္မာန်တစ်ခုဖစ်၏။
ဒါန်းပေါ်တွင် လက်ကျန်မုန့်ကလေးနှင့် ယခုအထိမဖောက်ရသေးသည့် 'မောင်' ဆိုတဲ့ ဇီးထုတ်ကလေးဟာ ထားရာနေ အမိန့်အတိုင်း မလှုပ်မရှားရှိနေဆဲပင်။ သူမကတော့ ထုံးစံအတိုင်း စာအုပ်တစ်အုပ်ဆီသို့သာ စိတ်ဝိညဉ်တစ်ခုလုံးကို ပုံအပ်လို့ထား၏။
...
ဗိုက်ထဲက ဆန္ဒပြနေသည်မို့ လုပ်နေဆဲအလုပ်ကို ခတ္တရပ်နားလိုက်ရန်ဆုံးဖြတ်လိုက်သည်။ laptopကိုပိတ်ချလိုက်ပြီး အခန်းပြင်သို့ထွက်လာခဲ့သည်။ကိုယ့်အိမ်ကိုယ်ယာမဟုတ်တော့ စားချင်တဲ့အချိန်ထစားလျှင်လဲ စိတ်ပျက်ကမ်းပျက် လူစားမျိုးထဲရောက်သွားဦးမည်။ ထိုကြောင့် ကျွန်မမှာ အိမ်ရှင်ကိုအရင်ရှာရသည်။တအိမ်လုံး လိုက်လံရှာဖွေသော်လည်း ပုံရိပ်ယောင်တောင်မတွေ့။
ထိုကြောင့် အိမ်အောက်ကိုဆင်းလာခဲ့သည်။
ဟော..တွေ့ပါပြီ ကျွန်မရဲ့ခင်ပွန်းသည်လေး။
သူစိတ်အနှောက်အယှက်ဖစ်မည်ဆိုး၍ သွားမခေါ်ဘဲဒီနေရာမှာဘဲထိုင်စောင့်နေလိုက်သည်မှာ အနည်းငယ်တော့ကြာသွားသည်ဟု ထင်မိသည်။
ကောင်းကင်ကိုတချက်မော့ကြည့်လိုက်သည်။
နောက်ဆုံးနေရောင်လက်ကျန်ပင် တဖြည်းဖြည်းမှောင်ရီဖျော့တော့လာချေပြီ။
လက်တဖက်ကတရမ်းရမ်းနှင့် လှုပ်ခတ်ပုတ်ခါနေတော့ သူ့ကိုခြင်တေကိုက်နေသည်မှာ အသေအချာပင်။
လွတ်ထားလို့ မဖစ်တော့ချေ...
...
" အိမ်ထဲဝင်တော့လေ ကလေး မှောင်နေပြီ၊ ခြင်တေလဲကိုက်နေပြီမဟုတ်လား"
နန်းခင် ပြုံးပြလိုက်သည်။
"ရော့..စားလိုက် မမဖို့ချန်ထားတာ"
ESTÁS LEYENDO
🔲🎀𝕊 𝕙 𝕒 𝕣🎀🔲 ❗ Zawgyi+ Unicode❗