Part 9

3.5K 244 14
                                        

Unicode..

"အိမ့်မှူး‌မောင်မောင် နင်ပြန်ရောက်တဲက မျောက်မှိုင်မှိုင်နေတာ အရင်ကနင်နဲ့တခြားစီဘဲ ဘာဖစ်နေတာလဲ ငါကြည့်မရတော့ဘူးနော် ညည်းငါ့မွေးနေ့ဆိုတာလဲ သတိရပါအုန်း"

အိမ့်မှူးမောင်မောင်ဆိုတာ အလုပ်နက် နှိုင်းယှဉ်ရင်ဘယ်အရာကိုမစိတ်ဝင်စားတဲ့သူမဟုတ်ပါ အခုတောင်ကျွန်မမွေးနေ့မလိုသာ ရောက်လာခဲ့ခြင်းဖစ်သည်

"ဟုတ်ပါ့" ဟမ်ဘာဂါ ကိုပလုတ်ပလောင်းစားနေသော သိမ့်ကပါဝင်ပြောလာသည်

အိမ့် ရှေ့တွင်ရှိနေသော ရှုခင်းများကိုရီဝေဝေမျက်လုံးကလေးများနှင့်ကြည့်ရင်း သက်ပြင်းတစ်ချက်ချမိသည် သူမဆံနွယ်ရှည်လေးများကြားသို့ လက်ချောင်းကလေးများတိုးဖွဝင်လိုက်ရင်းပေါ့.. သူမစိတ်ကိုတော့နားမလည်တော့ပါ တရံတခါမခုလို အဖစ်အပျက်မျိုးကြုံဘူးတာတော့မဟုတ်..

" မသိတော့ဘူးဟာ နေရတာဟာတာတာကြီးနက် ထိုင်လဲမရထလဲမရနက်.တစ်ခုခုလိုချင်လာသလို လိုအပ်နေသလိုလိုမျိုး ထမင်းစားလဲစားရတာအရသာမရှိဘူး.ဟူးး"

ယွန်း အိမ့်ဖစ်ပျက်နေသောပုံစံကိုကြည့်ရင်း သံသယတစ်ခုဝင်လာသည်

"နင်မဟုတ်မ....သျှားခက်နွယ်ကိုကြိုက်နေတာလား"

အဟွတ်.အဟွတ်. "ဘာရယ်.."

သည်းတဲ့သူက တခြားသူမဟုတ် သိမ့်နဒီဇော်တစ်ယောက်ရယ်ပါ/ သိမ့် အိမ့်ကိုကြည့်ရင်းမျက်လုံးပြူးလာသည် ပိုဆိုးတာက အိမ့်မှာ ယွန်းပြောသောစကားကိုမတုန်မလှုပ်ပါ ခါတိုင်းတခြားကောင်လေး ကောင်မလေးများနှင့် လိုက်စနေရင် ဇွတ်ငြင်းတတ်တဲ့အိမ့်က အခုဘာဖစ်သွားတာလဲ..သူက သျှားကိုကြိုက်နေတာများလား

" မသိတော့ဘူးဟာ မဖစ်နိုင်တာတေ သူကမိန်းကလေး‌လေ ငါလဲမိန်းကလေး ငါတို့နှစ်ယောက်က ဘယ်လိုလုပ်ဖစ်နိုင်မှာမလို့လဲ..."

"ဒါဆို နင်သူ့ကိုမလွမ်းဘူးပေါ့.."

အိမ့်ကို စိုက်ကြည့်လာသောထိုနှစ်ယောက်..မသိရင် အောင်စာရင်းကြည့်တဲ့ ကလေးငယ်များအတိုင်း

" အင်းဘယ်လိုပြောပါ့မလဲ ညီမလေးတစ်ယောက်လိုတော့လွမ်းတယ်"

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Место, где живут истории. Откройте их для себя