Chapter 1-1

9.2K 910 39
                                    

<Unicode>

စုန်ချင်ရှစ်တစ်ယောက် သေသွားခဲ့သည်။ သေသွားပြီးနောက် ထူးဆန်းသော နေရာတစ်ခုသို့ ရောက်သွား၏။ ထိုနေရာတွင် ထူးဆန်းသောအနီရောင်အလင်းများ တောက်ပနေသည့် ဂြိုလ်လိုလို ကြယ်လိုလို အလုံးလေးတစ်လုံး လှည့်ပတ်နေသည်။

ထိုအလုံးလေးကပဲစ၍ သူသည် အဆင့်မြင့်သောရှု့တောင့်ကမ္ဘာမှ book-transmigrating system ဖြစ်ကြောင်း မိတ်ဆက်လေသည်။ ၎င်းကပဲဆက်၍ "တစ်မူထူးတဲ့ မီးပြင်းဖို"ဟုအမည်ရသော novel အကြောင်း ရှင်းပြလေ၏။ novel ထဲမှ protagonish "shou" ၏ ကံကြမ္မာဆိုးကြောင့် reader များ၏ ဒေါသပေါက်ကွဲမှုများမှာ ထိုကမ္ဘာ သို့ ပြင်းထန်သော အကျိုးသက်ရောက်မှုများဖြစ်ပေါ်စေသည်။ ထို့ကြောင့် novelပေါင်းများစွာ၏ ဇာတ်လမ်း၊ ‌ဇာတ်ကွက်များနှင့် မစိမ်းသူ၊ မိမိ၏ အချစ်၊ အမုန်း ခံစားချက်များအား ချုပ်တည်းနိုင်သူ၊ အခွင့်၊ သြဇာ၊ အာဏာများအား အလုံးစုံနားလည်ပြီး အသုံးချနိုင်သောသူ၊ ထို့နောက်protagonish "shou" ၏ ကိုယ်၊ စိတ် ဒဏ်ရာများကို ပျောက်ကင်းအောင် ကုသပေးနိုင်သော ထူးချွန်သည့် ဝိဥာဥ်ကို လိုအပ်နေကြောင်း ဆို၏။
--- protagonish "shou"၏ ကံကြမ္မာအားပြောင်းလဲပါ။ အချစ်များစွာပေး၍ ဘဝတစ်လျှောက်လုံး ပျော်ရွှင်အောင်ထားပါ---

စုန်ချင်ရှစ်သည် သူ၏ ကြွက်သားအာရုံကြော လှုပ်ရှားမှု အားနည်းသောရောဂါကြောင့် ဘဝတစ်လျှောက်လုံး မလိုမကျမှုများဖြင့် နေထိုင်ခဲ့ရသည်။ ကျန်းမာသောခန္ဓာကိုယ်ရရှိချင်သည်မှာ သူ၏ အိပ်မက်သာဖြစ်၏။
(T/N : စုန်ချင်ရှစ်က Amyotrophic Lateral Sclerosis ,(ALS) လို့ အတို ကောက်ခေါ်တဲ့ ကြွက်သားလှုပ်ရှားမှုကို မထိန်းချုပ်နိုင်တဲ့ အာရုံကြော ‌ရောဂါတစ်မျိုးကို ခံစားခဲ့ရတာပါ။ ကုသနိုင်မှု မရှိလို့လည်း ဖတ်ရပါတယ်)

သူ၏ရောဂါကြောင့်ပင် ဆေးပညာကို အပတ်တကုပ်ကြိုးစားသင်ယူကာ သူ့ကိုယ်သူ ပျောက်ကင်းအောင် ကုသရန် ရည်ရွယ်ထားခဲ့သည်။ စာတွေ့များ၊ လက်တွေ့များ၊ ရောဂါလေ့လာစမ်းသပ်မှုများ စသည်တို့ကို လေ့လာသင်ယူနေသော ဆေးကျောင်းသားတစ်ယောက်အနေနှင့် ထိုသို့သော novel များကိုဖတ်ရန် အချိန်မပေးနိုင်ချေ။

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now