Chapter 4

4K 742 45
                                    

မူလပိုင်ရှင်၏မှတ်ဉာဏ်ထဲမှ အနီရောင်မျက်ရည်ခံမှည့်လေးနဲ့ကောင်ငယ်လေးနှင့် ရွှေရောင်ငှက်ကိုယ်ထည်ပေါ်မှာ ဖျော်ဖြေနေသော ပြိုင်ဘက်ကင်းအလှလေးတို့ရဲ့ ပုံရိပ်များမှာ စုန်ချင်ရှစ်မြင်ကွင်းတွင် တစ်ခုနှင့်တစ်ခု ထပ်မိသွားသည်။

သူတို့စကားဝိုင်းကိုကြားလိုက်မိသော ဘေးလူတစ်ယောက်မှာ မနေနိုင်စွာ လက်ခုပ်တီးရယ်မောလျက် ဝင်ပြောလေသည် :
" ရှဲ့ချွယ်က တကယ့်ကိုကလိမ်ကကျစ်ကောင်ရယ်... အဲ့တပည့်ငယ်လေး အမှန်တရားကိုသိသွားတဲ့အချိန်ကဆိုရင် တကယ့်ကိုပွဲကြီးပွဲကောင်း ကြည့်နေရတဲ့အတိုင်းပဲ..."

ကျင်းဖိန်ရန်သည် သူကျင့်ကြံခြင်းလမ်းစဥ်စလျှောက်ကတည်းက အလှလေးပေါင်းများစွာကို လက်ခံရရှိခဲ့သူဖြစ်သည်။ သို့ရာတွင် သူ့ထံသို့ ယွဲ့ဝူဟွမ်စရောက်လာသောအချိန်ကို တွေးမိတိုင်း ထူးခြားစွာပင် စိတ်လှုပ်ရှားရမြဲဖြစ်သည် :
" အဲ့နေ့က ကျုပ်ရဲ့နှစ်၈၀၀ပြည့် မွေးနေ့လေ... မွေးနေ့ဆုတောင်းပေးတဲ့လူတွေလည်းမနည်းဘူးပေါ့ဗျာ... အဲ့တာကြောင့်ပဲ ကျုပ်က ကျုပ်ဘော်ဒါရင်းတွေကို အကုန်ဖိတ်ကြားပြီး Langgan Stage မှာ စားသောက်ပွဲကြီးကို ကျင်းပခဲ့တာ... ရှဲ့ချွယ်က ဝူဟွမ်ကိုခေါ်ပြီး အတူတူလာခဲ့တာလေ... သူက ဝူဟွမ်ကို ရွှေရောင်ဖီးနှစ်ငှက်ဂေဟာကိုပို့ပေးပြီး အဲ့မှာ ဓားသိုင်းပညာသင်ရမယ်လို့ ပြောထားပုံရတယ်... ဝူဟွမ်လေးခဗျာ အရမ်းကိုပျော်နေရှာတာ... ရှဲ့ချွယ်က ကျုပ်ကို စိတ်ဝိညာဥ်ပုတီးစေ့လေးပေးပြီး ကျွန်အဖြစ်သတ်မှတ်ပေးဖို့ မပြောခင်အချိန်ထိဘဲ... အဲ့တုန်းက သူ့ရဲ့ မယုံကြည်နိုင်ဖြစ်နေတဲ့အမူအရာလေးက အရမ်းချစ်ဖို့ကောင်းတာပဲ..."
[T/N: Laggan stage ဆိုတာက အခုစုန်ချင်ရှစ်ရောက်နေတဲ့ ပွဲစင်ကိုပဲပြောတာပါ... သူတို့ပြောတဲ့ စားသောက်ပွဲက အစားအသောက်တွေချည်း စားတာမဟုတ်ဘူးနော်🌚...]

ကျင်းဖိန်ရန်သည် အဖြူရောင်အလှလေးရဲ့ဆံပင်များကိုဂရုမစိုက်စွာ ဖွလိုက်ပြီး အရှေ့မှာဖျော်ဖြေနေသော ရွှေရောင်ငှက်ကိုယ်ထည်ပေါ်မှအလှလေးအား အတင်းကြည့်ခိုင်းလိုက်သည်။ ထို့နောက် အတိတ်ကဖြစ်ရပ်များအကြောင်း လူတိုင်းကို ပြောပြလေ‌တော့သည်။

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now