Chapter 25

1.7K 348 15
                                    

( Unicode )

စုန်ချင်ရှစ်နှင့်အန်းလုံသည် လူ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံများ၊ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များ၊ ဆေးဝါးအမျိုးမျိုး၊ အရေပြားစုတ်ပြဲဒဏ်ရာ စသည်တို့အပြင် တစ်ခြားသောဆေးဘက်ဆိုင်ရာကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြသည်။ တစ်ဖြည်းဖြည်းနှင့် သူတို့၏ဆွေးနွေးပွဲသည် ပြင်းထန်သောပညာရှင်အဆင့်စကားရည်လုပွဲအဖြစ်သို့ ပြောင်းလာသည်။ သူတို့၏ကိုယ်ပိုင်အတွေးအမြင်များကို အကြိတ်အနယ် ငြင်းခုံလာကြသည်။ နှစ်ဦးသားသည် တစ်ခါမှ လိင်တူမဆက်ဆံဘူးကြသော်လည်း စုန်ချင်ရှစ်သည် ၎င်းနှင့်ပတ်သက်သည့် ကုသမှုတစ်ခုလုပ်ဖူးသည်။ ထို့ကြောင့် သူ့ယူဆချက်နှင့်အကြောင်းပြချက်တို့မှာ လက်တွေ့ကုသချက်မှရခဲ့သည့်အတွက် မှန်သည်ဟုဆိုသည်။ အန်းလုံက သူ့ယူဆချက်ကို လက်မခံပေ။ သို့သော် သူပြန်ချေပသည့်အကြောင်းအရာအတွက်လည်း သက်သေပြရန်မဖြစ်နိုင်သဖြင့် စုန်ချင်ရှစ်ပြန်ငြင်းသည်များကို ခုခံရင်း အရေးနိမ့်တော့မလိုဖြစ်နေသည်။

အန်းလုံက‌အလျှော့မပေးဘဲ ဆက်တိုက်ခိုက်သည်။
" မသေမျိုးနယ်မြေမှာ အရမ်းချစ်ကြတဲ့လိင်တူစုံတွဲတွေအများကြီးရှိတာပဲ... ဥပမာ ဝမ်ယွဲ့ရှန်းကျွင်းနဲ့ ဝူလင်းရှန်းကျွင်းတို့ကိုကြည့်လေ... ချစ်လိုက်ကြတာများတုန်နေတာမပြောနဲ့... တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကတောင်အပျောက်မခံကြဘူး... ပြီးတော့ အဲ့တာကတကယ်ဘဲနာတယ်ဆိုရင် wangyueရှန်းကျွင်းက ဘယ်လိုလုပ်လွယ်လွယ်လက်ခံခဲ့ပါ့လဲ? "

စုန်ချင်ရှစ်ကလည်းလက်မခံ။
" ဘာလို့ဆို ဝမ်ယွဲ့ရှန်းကျွင်းက ဝူလင်းရှန်းကျွင်းကြိုက်လို့ပေါ့... ကိုယ်ကြိုက်တဲ့သူကို အနာမခံခိုင်းစေချင်လို့လေ..."

အန်းလုံလည်း ပြိုင်ငြင်းစရာစကားလုံး ပျောက်ရှသွားသည်။
" မင်း ဘာလို့အဲ့လိုတွေးမိတာလဲ? "

" အဲ့လိုတွေးလိုက်တာပဲ..." စုန်ချင်ရှစ်၏မျက်နှာမှာ လေးနက်တည်ငြိမ်နေသည်။
" အရေပြားစုတ်ပြဲရုံလောက်တော့ သည်းမခံနိုင်စရာအ‌ကြောင်းမရှိဘူး... ယောက်ျားစစ်စစ်သာဆိုရင် ကိုယ်ကြိုက်တဲ့သူကို အနာမခံခိုင်းသင့်ဘူး... သူ့အတွက် ဘာမဆိုလုပ်ပေးနိုင်တဲ့အထိ သန်မာသင့်တယ်... ဟုတ်တယ်မလား? "

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now