Chapter 11

3.9K 756 28
                                    

<Unicode>

" ကျွန်တော် မကြောက်ပါဘူး။ ရှင်းပြပါ။ "

ယွဲ့ဝူဟွမ်၏ စိတ်ပိုင်းဆိုင်ရာအရည်အသွေးသည် ကျောင်းသားသစ်များထက်ပင် ပို၍ကောင်းမွန်၏။ အခန်းထဲ အပြည့်ဖြစ်နေသော လူ့ခန္ဓာကိုယ်များကို ဖြတ်လျက် လျှောက်လှမ်းလာကာ ယူလာခဲ့သောညစာကို တည်ခင်းလိုက်လေသည်။ ထို့နောက် သူမျက်မှောင်ကျုံ့နေလျက် စုန်ချင်ရှစ်ပါးစပ်ထောင့်စွန်းမှ မုန့်အကျန်တစ်ချို့ကို သုတ်ပေးလိုက်သည်။ မကြာသေးခင်ကာလအတွင်း သခင်နှင့်အတူတူ အစားစားရခြင်းကို သူကျင့်သားရသွားပြီဖြစ်နေသော်လည်း လတ်ဆတ်သော လေထုကိုသာ ရှူရှိုက်ရပါက သူပို၍ စားမြိန်လိမ့်မည်ဟု ခံစားနေရသည်။

စုန်ချင်ရှစ် သူ့ကိုအချိန်အတော်ကြာ အကဲခတ်နေရာ သူလုံးဝမလှဲကျနိုင်မှန်း သေချာသွားတော့မှ သူလည်းတိတ်တိတ်လေး အင်တုံကိုပြန်ချထားလိုက်တော့သည်။ သူ့နှလုံးသားထဲတွင်တော့ ယွဲ့ဝူဟွမ်သည် ဆေးပညာသင်ဖို့အတွက် ကောင်းမွန်သော အစေ့လေးဖြစ်ကြောင်း သေချာသွားတော့သည်။ သူက ဉာဏ်ကောင်းသည်၊ ကျိုးကြောင်းသိသည်၊ တည်ငြိမ်သည်၊ လက်များကို ကောင်းစွာအသုံးချနိုင်ပြီး သွေးကိုကြောက်ခြင်းလဲမရှိ။ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တစ်ယောက်၏ အရည်အချင်းမှန်သမျှ သူ့တွင်ရှိပေသည်။ သူတို့ကမ္ဘာမှာဆိုရင်တော့ ဆေးကျောင်းကပရော်ဖက်ဆာတိုင်း သူ့ကို PhD ကျောင်းသားအဖြစ်လိုချင်လွန်း၍ ဖူးဖူးမှုတ်ထားကြနိုင်သည်။

လူ့ခန္ဓာခွဲစိတ်ကုသခြင်း၏ သီအိုရီသင်ခန်းစာကို သူလက်တန်းပို့ချလိုက်သည်။ အထွေထွေဆရာများက လူသားတွေအတွက် ဘယ်လိုအကူအညီပေးကြောင်း၊ ဆေးပညာရဲ့ ခန္ဓာဗေဒက ဘယ်လိုအရေးကြီးကဏ္ဍမှာပါဝင်နေကြောင်း စသဖြင့် ရှင်းပြလေသည်။

ယွဲ့ဝူဟွမ်လည်း စိတ်ဝင်တစားနားထောင်နေပြီး အလောင်းတွေနှင့် အတွင်းအဂႅါတို့၏ ပုံစံနှင့် ပုံသဏ္ဍာန်ကိုပင် သူကအရင်ဦးဆောင် လေ့လာတော့သည်။

စုန်ချင်ရှစ်၏ ပူပန်မှုမှာ အနည်းငယ်ရယ်ဖို့ကောင်းမှန်း သူခံစားမိလာသည်။ ရွှေရောင်ဖီးနှစ်ငှက်ဂေဟာ၏ ဧည့်သည်များထဲတွင် နှိပ်စက်ရခြင်းကို နှစ်ခြိုက်သော ကျင့်ကြံသူများမှာ အမြဲလိုလိုရှိတတ်ပြီး အချိန်နှင့်အမျှ သေလောက်အောင်နှိပ်စက်ခံထားရသည့်ကျွန်များကို သယ်ထုတ်ကြရသည်။ သူသည်လည်း ထိုကျင့်ကြံသူများလက်ထဲသို့ အကြိမ်တော်တော်များများကျရောက်ဖူးလေရာ သေခြင်းနှင့်ရှင်ခြင်းအစွန်းနှစ်ဖက်ကိုပင် ခဏခဏရောက်ဖူးလို့နေခဲ့ချေ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရာ၊ ရှရာများကလွဲပြီး ဘာမှမကျန်တော့သည်အထိ နှိပ်စက်ခံခဲ့ရသည်။ သူ့ရဲ့ သစ်သားစိတ်ဝိဉာဥ်မြစ်ကြော၏ အားသစ်ပြန်လောင်းနိုင်သော စွမ်းရည်ကြောင့်သာ မဟုတ်လျှင် သူ "လွတ်မြောက်" သွားခဲ့သည်မှာ ကြာလှပေမည်။

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now