Chapter 12

4K 783 35
                                    

<Unicode>

မှတ်ဉာဏ်ကောင်းလွန်းခြင်းက ကောင်းသည့်အရာတစ်ခုတော့မဟုတ်ခဲ့။

၎င်းက သူ့ရဲ့ နာကျင်မှုတွေတိုင်း၊ အိပ်မက်ဆိုးတွေတိုင်းကို ကြည်လင်ပြတ်သားစွာ မှတ်မိနေတတ်ပြီး သူ့ကိုယ်သူ ထပ်ခါထပ်ခါ ညှင်းဆဲနေမိခြင်း ဖြစ်သည်။

သူ့နှလုံးသားထဲက နာကျင်မှုများကို စိတ်ငြိမ်းချမ်းဝိဉာဥ်ရနံ့ကပင် ဖိနှိပ်မထားနိုင်တော့သည့် တစ်ညသောအချိန်တွင်ဖြစ်သည်။ သူ့အိပ်မက်ထဲတွင် ရွှေရောင်ဖီးနှစ်ငှက်ဂေဟာသို့ ပြန်ရောက်နေခဲ့ပြီး ရွှေရောင်ငှက်လှောင်အိမ်ထဲသို့ ပြုတ်ကျသွားခဲ့သည်။

သူ့ကျောပေါ်မှ Acacia စည်းတံဆိပ်သည် အနည်းငယ်ပူလာခဲ့ပြီး သူ့ခန္ဓာကိုယ်ကိုလည်း လှုပ်ရှားလို့မရတော့။ သူ မြေပြင်ပေါ်မှာ ထိုင်နေရပြီး ဧည့်သည်တွေကို ဧည့်ခံပေးနေကြသော လူငယ်များကိုကြည့်နေရင်း ပြက်ရယ်ပြုစရာပြဇာတ်ဆန်ဆန် အဖြစ်အပျက်များကလည်း တစ်ခုပြီးတစ်ခုသရုပ်ပြတင်ဆက်သွားခဲ့သည်။

လေထုကိုရှူရှိုက်ဖို့ပင် မသတီစရာကောင်းနေသော သည်းမခံနိုင်လောက်အောင် ညစ်ညမ်းလွန်းသည့် ဒီကမ္ဘာကြီးထဲတွင်....

ဆန္ဒများက သူ့ကို အတင်းအကြပ်လွှမ်းခြုံထားပြီး စိတ်တိုင်းကျ ကစားခံနေရသည်။

အရမ်းညစ်ပတ်လွန်းသည်။ အရမ်းရွံဖို့ကောင်းလွန်းသည်။

ယွဲ့ဝူဟွမ် မျော်လင့်ချက်မဲ့စွာ ကျုံ့သွားပြီး သူ့ထံရောက်လာကြသော ထိုလက်များထံမှ ရုန်းထွက်ဖို့ ကြိုးစားနေခဲ့သည်။ အထိခံလိုက်ရသော သူ့အသားတစ်ခုချင်းစီတိုင်းကို လှီးဖြတ်ချင်မိသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ညစ်ပတ်လွန်းသည်။ သူလုံးဝမျှော်လင့်ချက်ပျောက်ဆုံးနေပြီး လက်လျော့ချင်လာသည်။ အသက်ပင် ရှူလို့မရ။ သူ ထပ်ခါထပ်ခါ သေဆုံးခဲ့သည်။ နိုးထလာချိန်တိုင်း ငှက်လှောင်အိမ်ထဲမှာဘဲ ရှိနေပြီး အရင်ကငရဲဆန်‌ဆန်ဖြစ်ရပ်များက တစ်ကြော့ပြန်လှည့်လာသည်မှာ သူစိတ်လွတ်သွားပြီး ရုန်းကန်နေမှုများကိုရပ်တန့်ကာ သူ့ခန္ဓာကိုယ်ကိုလုံးဝဖျက်ဆီးခွင့်ပြုလိုက်ရသည်အထိ။

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now