Chapter 6

4K 748 20
                                    

ယွဲ့ဝူဟွမ်ကတော့ သူ့မျက်လုံးတွေဟာ စုန်ချင်ရှစ်ကလော်ထုတ်တာခံရတော့မည်ဟုပင် ခံစားလာရသည်။ ကြောက်ရွံ့မှုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး စတင်တုန်ယင်လာခဲ့သည်။

စုန်ချင်ရှစ် စမ်းသပ်မှု ပြီးသွားချိန်တွင် သူ့ကိုကြည့်ကာ ဇဝေဇဝါဖြစ်လာသည်။
"မင်း အေးနေတာလား?"

ယွဲ့ဝူဟွမ် တောင့်တင်းနေလျက်သာ သူ့ခေါင်းကိုခါလိုက်သည်။

"မင်း‌ရဲ့မျက်လုံးက မင်းကိုနေရမခက်စေဘူးဆိုရင် ငါတို့တွေ အဲ့တာကို နောက်ဆုံးကုသမှုအဖြစ် ထားလိုက်လို့ရတယ်..." စုန်ချင်ရှစ်သည် ပြဿနာရင်းမြစ်၏ အပြင်းထန်ဆုံးအပိုင်းမှ အရင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။ သူ စားပွဲရှိရာသို့ ပြန်သွားလိုက်ပြီး တိရိစ္ဆာန်အရေခွံလက်အိတ်ကို ချွတ်လိုက်သည်။ ဝိဉာဥ်ပုတီးစေ့ကို ကောက်ယူလိုက်ကာ ပြန်လျှောက်လာခဲ့သည် :
" မင်းရဲ့လက်သည်းကြားထဲမှာ အဖြူရောင်ဆေးအမှုန့်တွေ ရှာတွေ့ထားတယ်... စစ်ဆေးကြည့်လိုက်တော့ နွေဦးဒရယ်မြက်နဲ့ ပြင်းထန်တဲ့လိင်စိတ်ကြွခြင်းဖြစ်လာနိုင်တဲ့ စိတ်ရှုပ်ထွေးနိုင်တဲ့အနံ့မျိုးရှိတဲ့ပန်းပွင့်တွေ ပါနေတယ်ဆိုတာ ငါသေချာပြောနိုင်တယ်... အဲ့တာအပြင် ငါနောက်ထပ်ရှာတွေ့ထားတာက မင်းအကႅျီပေါ်မှာ အမွေးနံ့သာလိုအနံ့မျိုးနဲ့ ငှက်မွေးတောင်စကပ်မှာရောကပ်နေတဲ့အပင်မျိုးစိတ်က ကြောင်မျိုးနွယ်တွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်ဆိုတာပဲ... အဲ့တာတွေကြောင့်ပဲ ကပွဲမှာ ကျားမိစ္ဆာက မင်းဆီ အပြေးလာပြီး ရန်ပြုတိုက်ခိုက်တာ ဖြစ်နိုင်တယ်..."

သူရှာတွေ့သွားပြီ...

ယွဲ့ဝူဟွမ် စိတ်ထဲတွင် တုန်လှုပ်မိသွားသည်။

ဒါသည် သူAcacia Seal ၏ထိန်းချုပ်မှုအောက်တွင် စမ်းတဝါးဝါးလုပ်ဆောင်နေရင်း ရှာတွေ့ခဲ့သော လှည့်စားမှုတစ်ခုဖြစ်သည်။ ကျွန်များသည် ကိုယ့်ကိုကိုယ်သတ်သေနိုင်ခြင်းမရှိ ၊ သခင့်ဆန္ဒအတိုင်းသာ တတွေမသိမ်းလိုက်နာဆောင်ရွက်ရသည်။ သို့ရာတွင် အခုတော့ ကျွန်တစ်ယောက်သည် သူမခံနိုင်လောက်သော တင်ဆက်မှုမျိုးဖြင့်ဖျော်ဖြေနေသည်ကို ကျေနပ်အားရစွာကြည့်နေသောသူမှာ သခင်သာဖြစ်သလို ထိုကျွန်မှာလုံးဝတောင့်မခံနိုင်တော့ဘဲ သေခြင်းတရားဖြင့် အဆုံးသတ်သွားရသည်ကို ဝမ်းသာအားရကြည့်ရှုနေသည်မှာလည်း သခင်သာဖြစ်သည်။

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now