Chapter 15

3.9K 766 54
                                    

<Unicode>

စုန်ချင်ရှစ်၏ အရသာခံစားမှုအနေဖြင့် အချိုများဘက်သို့ ဦးတည်ရွေ့ဆိုင်းသွားပေသည်။

ရာသီဥတုမှာလည်း ပူသထက်ပူလာသဖြင့် မြစ်ဘေးရှိ ရေခဲစိမ်စားသောက်ဖွယ်တစ်ချို့ရောင်းသော လက်ဖက်ရည်ရုံသို့ ယွဲ့ဝူဟွမ်ကို ဆွဲခေါ်သွားတော့သည်။ *ကြွပ်ဆပ်တောင်ပို့ကို ပန်းကန်လုံးကြီးနှစ်ပွဲနှင့် ကြာပန်းအအေးတစ်ချို့ကို မှာယူလိုက်သည်။
(T/N : ထန်မင်းဆက်ခေတ်တုန်းက ရေခဲမုန့်ပုံစံမျိုးပါ။ အောက်အပိုဒ်တွေမှာ ရေခဲမုန့်လို့ပဲ သုံးပါမယ်။ )

"ဟုတ်သားပဲ" ယွဲ့ဝူဟွမ်၏ဆေးမှတ်တမ်းထဲမှ သူ မရှင်းလင်းနေသည့် ပဟေဠိတစ်ခုကိုသတိရလိုက်မိသဖြင့် တိုက်ရိုက်သာ မေးကြည့်လိုက်သည်။ " မင်းရဲ့မျက်လုံးကို စစ်ဆေးမှုလုပ်ပြီးတာတောင် မျက်ရည်မထွက်လာသေးဘူး။ မျက်ရည်ညစ်ထုတ်တဲ့အဖွဲ့အစည်းမှာ ပြဿနာရှိနေတာဖြစ်မယ်။ ဘာတွေဖြစ်သွားလို့လဲ? မွေးရာပါ အခြေအနေလား? "

ယွဲ့ဝူဟွမ်သည် အချိုများကို စိတ်မဝင်စားပေ။ သို့သော် သူ့သခင်က ရေခဲမုန့်စားချင်သည့်အတွက် အဖော်ပြုပေးလေသည်။ ထိုစကားများအား ကြားလိုက်ရသောအခါ သူအံ့သြမိသွားသည်။ ၎င်းကို သူစဥ်းစားကြည့်ပြီးနောက် ပြောပြသည်။ " ကျွန်တော်က အဲ့လိုအခြေအနေနဲ့ မွေးဖွားလာခဲ့တာတော့ မဟုတ်ပါဘူး... ကျွန်တော်ငယ်ငယ်ကဆို အမြဲငိုခဲ့ဖူးတယ်။ ဒါပေမဲ့ ငိုနေတုန်း တခြားသူတွေမြင်သွားမှာကို ကျွန်တော်မကြိုက်ဘူး။ အဲ့တာကြောင့် ကျွန်တော်အမြဲတမ်းပုန်းနေခဲ့တာ။ ကျွန်တော် ဂေဟာကို အရောင်းခံရပြီးတဲ့နောက်ပိုင်း ညစ်ညမ်းတဲ့အရာတွေလုပ်ရင်း ငိုတာက အဲ့ဒီ့သူတွေကို ပိုပြီးစိတ်ကြွစေတယ်လို့ သိလိုက်ရတယ်။ သူတို့လိုချင်တာကို ကျွန်တော်မရစေချင်ဘူး။ အဲ့တာကြောင့် မငိုတတ်ဖို့ကို ကျွန်တော်သင်ယူခဲ့တာ... အချိန်တွေအကြာကြီး ကျွန်တော်ထိန်းချုပ်ထားခဲ့ပြီး အခုတော့ ငိုတာလည်းရပ်တန့်သွားခဲ့တယ်။ "

လူသားများသည် သူတို့၏ခံစားချက်များကို ခွာထုတ်ပစ်နိုင်ကြ၏။ ထိုအချက်ကို သက်သေပြရန် လူ့ကျင့်ဝတ်တရားကိုချိုးဖောက်သော စိတ်ပိုင်းဆိုင်ရာလေ့လာစမ်းချက်ချက်များပင် ရှိကြသည်။

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now