Chapter 3

4.2K 715 22
                                    

အနီရောင်ဝတ်ထားသည့်အလှလေးသည် သူ့နှုတ်ခမ်းရဲလေးကို အနည်းငယ်ဖွင့်ဟလိုက်ပြီး ကျောက်စိမ်းပုလွေကိုမှုတ်ကာ စတင်ဖျော်ဖြေတော့သည်။ ပုလွေသံစဥ်မှာ နှလုံးသားခိုက်လောက်အောင်ချစ်ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းပြီး နားထောင်သူများအားလုံးကို အနီရောင်ကလကာအနောက်မှ လှပသောမြင်ကွင်းကိုလာရောက်ခံစားရန် ဆွဲဆောင်နေသကဲ့သို့ပင်....

စုန်ချင်ရှစ်အမေသည် ကျော်ကြားပြီးနာမည်ရသော နိုင်ငံ့စန္ဒယားပညာရှင်တစ်ဦးဖြစ်သည်။ သူမ၏အုပ်ထိန်းမှုကြောင့်ပင် ဂီတဆိုသည်မှာ စုန်ချင်ရှစ်အတွက် ကျောင်း‌စာတွေအပြင် တစ်ခုတည်းသောဝါသနာဖြစ်လာခဲ့သည်။ စုန်ချင်ရှစ်၏ဘဝနောက်ဆုံးအချိန်မှာပင် သူ့ခန္ဓာကိုယ်စွမ်းရည်ကျသွားသော်ငြား အသိစိတ်မှာရှင်းလင်းပြတ်သားနေသေးသည်။

သူ့အမေသည် သီချင်းများကိုအဆက်မပြတ်နားဆင်နိုင်စေရန် အကောင်းစားကက်စက်ပစ္စည်းများကိုဝယ်ယူပြီး သူ့လူနာဆောင်တွင်ဆင်ပေးထား၏။ ထို့အပြင် သူမ၏အဆက်အသွယ်များကိုသုံးကာ နယ်ပယ်အသီးသီးမှ ထိပ်တန်းဂီတပညာရှင်များကိုဖိတ်ခေါ်ပြီး သူ့အတွက် ဖျော်ဖြေပွဲသေးသေးလေးကိုလည်း နေ့တိုင်းလိုလို ကျင်းပပေးတတ်သည်။

ဂီတသံစဥ်သည် သူ့စိတ်အားငယ်မှုများ စိတ်ပျက်မှုများကို ကုစားပေးသွားပြီး သူ့နှလုံးသားကိုလည်း ရွှင်လန်းတက်ကြွစေခဲ့သည်။ ထို‌သို့သောအချိန်များကြောင့် စုန်ချင်ရှစ်သည် ဂီတသံစဥ်ထဲမှခံစားချက်များကို ထဲထဲဝင်ဝင်ခံစားနိုင်လာသည်။ စန္ဒရားတီးခတ်ဖျော်ဖြေနေသူထံမှ ကြင်နာနူးညံ့မှုကိုခံစားနိုင်လာပြီး ဝမ်းနည်းရင်နင့်ဖွယ်ကောင်းသော guzheng တေးဂီတသံမှတီးသူ၏ စိတ်လှုပ်ရှားအားတက်မှုကို ဂီတထဲတွင်ရှာဖွေနိုင်လာသည်။

ယခုချိန်တွင်.... ချစ်ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းသောပုလွေသံမှ သူနှင့်ရင်းနှီးနေပြီးသား စိတ်ပျက်အားငယ်မှုကို ခံစားမိလိုက်သည်။

နောက်ဆုံးမှာ စုန်ချင်ရှစ်သူ့ခေါင်းကိုမော့လိုက်ပြီး အနီရောင်အလှလေးအား ငေးမောနေမိတော့သည်။ သူ့ထံမှအကြည့်မလွှဲနိုင်တော့ချေ...

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now