Chapter 2-2

4.1K 754 14
                                    

<Unicode>

ရုတ်တရက်ဥယျာဥ်ထဲမှ ဆဲဆိုသံအကျယ်ကြီးကြားလိုက်ရသည်။ ထိုသူမှာ လဆုတ်ဂိုဏ်းမှသခင်လေးဖြစ်ပြီး ခေါင်းမာလွန်းသည့်ယောကျ်ားအလောင်းကိုဆွဲလျက် စိတ်ပျက်လက်ပျက်အမူအရာနှင့်ပြန်လာခဲ့သည်။ သေသွားသူ၏ အကျႅီမှာ စုတ်ဖြဲထားခံရပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း ကြည့်ရက်စရာမရှိအောင် ဒဏ်ရာများပြည့်နေသည်။ ကပွဲမှ ငွေရောင်တူကို ခိုးယူခဲ့ပုံရပြီး ထိုတူဖြင့် လည်မျိုကိုထိုးကာ သတ်သေခဲ့ခြင်းဖြစ်သည်။

ငွေရောင်တူအမျိုးအစားမှာ အရမ်းကိုတုံးလွန်း၏။ ထိုတူကို သတ်သေဖို့ အသုံးပြုရာ၌ အရမ်းခက်ခဲလွန်းလိမ့်မည်။ အားကုန်ထုတ်မသုံးပဲနှင့် အသားကိုထိုးဖောက်ရန်မဖြစ်နိုင်ချေ။ ဤဖြစ်ရပ်သည် ထိုလူ၏ဆုံးဖြတ်ချက် မည်မျှပြတ်သားကြောင်းဖော်ပြနေသည်။

ကပွဲမှလူများ ထိုအဖြစ်အပျက်အားမြင်ကြသောအခါ လဆုတ်ဂိုဏ်းမှသခင်လေးသည် သေမျိုးတစ်ယောက်ကိုပင် မထိန်းချုပ်နိုင်ဟူ၍ လှောင်ရယ်ကြသည်။

အပြင်ဘက်မှ ဆူညံသံကြား၍ ဘုန်းကြီးလည်း သူကစားလက်စ ကျွန်ကောင်လေးအားပစ်ချထားကာ ပွဲအတွင်းသို့ပြန်လာခဲ့သည်။ သူခေါ်လာခဲ့သောသူမှာ သေနေမှန်းမြင်လိုက်ရသောအခါ မျက်နှာချက်ချင်းမည်းမှောင်လာပြီး မျက်လုံးများအေးစက်လာကာ ဒေါသအပြည့်ဖြစ်လာသည်။ သို့သော်လဆုတ်ဂိုဏ်းမှသခင်လေးသည် သူ့ထက်ပို၍ ဒေါသထွက်နေ၏။ သေသွားသောသူ၏အလောင်းအား တစ်ဖက်လှန်လိုက်သဖြင့် ကြိမ်ရာများပြည့်နေသော ကျောပြင်ကျယ်ပေါ်လာသည်။

"ခင်ဗျားဘာဖြစ်လို့ ဒီကောင့်ပေါ်မှာAcacia Seal နဲ့ မခတ်ထားရတာလဲ? ကိုယ့်ဘာသာသတ်သေခိုင်းမလို့လား?"

နိုင်ငံခြားဘုန်းကြီးမှာ သူ၏အမေးကြောင့်ခေတ္တကြောင်အသွားသည်။ "Acacia Seal ? အဲ့တာဘာလဲ? မင်းတို့မြို့က ကစားစရာတစ်မျိုးလား?"

ထိုအရာနှင့်ပတ်သက်၍ သူလုံးဝမသိရှိကြောင်း မြင်ကြသောအခါ တခြားကျင့်ကြံသူများသည် မြောက်ပိုင်းဒေသမှာအလွန်တောကျလွန်းကြောင်း တီးတိုးရေရွတ်ကြတော့သည်။
Acacia Seal ဆိုတာ ဘာမှန်းတောင်မသိဘူးတဲ့... ကမ္ဘာပေါ်ကနေရာတိုင်းသိနေကြတဲ့ဟာကို.... ဘေးလူများ၏တီးတိုးသံများကြောင့် ဘုန်းကြီးပို၍ပင်ခေါင်းရှုပ်လာခဲ့သည်။ လဆုတ်ဂိုဏ်းမှ သခင်လေး၏ဒေါသလည်း အချိန်ခဏကြာ၍ အေးသွားပုံရသည်။ ကြောင်အစွာရပ်နေသောဘုန်းကြီးကို ဆွဲခေါ်၍ Acacia Seal အကြောင်း ရှင်းပြလေတော့သည်။

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now