Synopsis

22.2K 1K 37
                                    

Professor Systemက mission တစ်ခုထုတ်ခဲ့သည်:
"The Exceptional Furnace" novel ရဲ့ ကြင်နာနူးညံ့ပြီး သနားစရာကောင်းတဲ့ protagonist shou ကို ကယ်တင်ပါ"

ထူးချွန်ကျောင်းသား စုန်ချင်ရှစ်: "မပူနဲ့ Professor! ဒီလူနာရဲ့ ရောဂါအတွက် ကျွန်တော့်တာဝန်သာထားလိုက်!"

မသေမျိုးကမ္ဘာတွင်.....

စုန်ချင်ရှစ်သူ့နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်: "ငါ့ရဲ့လူနာလေးက ကမ္ဘာပေါ်မှာ အကြင်နာဆုံးနဲ့ အလှပဆုံး angel လေးပဲ..."

ယွဲ့ဝူဟွမ် သူ့လက်ပေါ်ကသွေးတွေကိုတိတ်တိတ်လေးရေနဲ့ဆေးချကာ နူးနူးညံ့ညံ့ပြုံးလိုက်သည်: "အန်း.."

စုန်ချင်ရှစ်သူ့နှလုံးသားထဲကနေ လေးလေးနက်နက်ကျိန်ဆိုလိုက်သည်: "ဆရာဝန်တစ်ယောက်အနေနဲ့ ငါ့ရဲ့လှပလွန်းတဲ့လူနာလေးကို ဘယ်တော့မှ အခွင့်ကောင်းမယူဘူး"

ဆရာဝန်လေးအပေါ်အခွင့်အရေးအပြည့်အဝယူထားသော ယွဲ့ဝူဟွမ်တစ်ယောက်နူးနူးညံ့ညံ့ပြုံးလိုက်သည်: "အန်း.."

စုန်ချင်ရှစ်တစ်ယောက်သူ့နှလုံးသားထဲကနေအခိုင်အမာကိုယုံကြည်ထား၏: "ငါ့ရဲ့ပြုစုစောင့်ရှောက်မှုအောက်မှာ ငါ့လူနာလေးကဘယ်တော့မှဆိုးသွမ်းသွားမှာမဟုတ်ဘူး!"

ယွဲ့ဝူဟွမ်သူ့ရဲ့စက်ဆုပ်ဖွယ်ကောင်းတဲ့အတွေးဆိုးတွေကို ဖုံးကွယ်လိုက်ပြီး ညင်ညင်သာသာပြုံးလိုက်လေသည်: "အန်း.."

ရန်ငြိမ်းမပြေအပြစ်စီရင်အစည်းအဝေးခန်းမတွင်... ထိုသူက ထောင်ပေါင်းများစွာသော ဝိညာဥ်ချုပ်မီးအိမ်တွေကိုစောင့်ကြပ်ရင်း အဖြူရောင်အရိုးစုများနဲ့လုပ်ထားတဲ့နတ်ဘုရားသလွန်တော်ပေါ်မှာ ခန့်ညားစွာထိုင်နေလေသည်...
"ကမ္ဘာပေါ်မှာမင်းတစ်ယောက်တည်းကသာ ကိုယ့်အပေါ်ကြင်ကြင်နာနာဆက်ဆံပေးတဲ့ တစ်ဦးတည်းသောလူပဲ"
"ဒါပေါ့..ကိုယ်ကလည်းမင်းတစ်ယောက်ကိုပဲ ကြင်ကြင်နာနာဆက်ဆံတာ..."

.......

ထူးချွန်ကျောင်းသားစုန်တစ်ယောက်ကိုယ့်ကိုကိုယ် ကျေနပ်အားရပီတိတွေဝေနေသည်:
"Professor! ကျွန်တော်အမှတ်ပြည့်ရတယ်မလား?"
Professor System ပေါက်ကွဲတော့သည်:
"ငတုံး! မင်းလူမှားပြီးကယ်ခဲ့တာကွ!"

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now