Chapter 16

4K 792 90
                                    

<Unicode>

အမှန်မှာ စုန်ချင်ရှစ်က သိုးသားစားရခြင်းကိုမနှစ်သက်ပေ။ အရသာစပ်သောအစားအသောက်များဆိုလျှင်က ပို၍ပင်ဝေးစွ။ သို့ပေသိ သူ့မိသားစုရဲ့နတ်သားလေးက *လက်ကိုင်သိုးသားကို စားချင်မှတော့ သူကလည်းအဖော်ပြုပေးရမည်လေ။
(T/N : လက်နဲ့ဖဲ့စားတာကိုပြောတာပါ)

သူတို့နှစ်ယောက်လည်း နေ့လည်စာကို အေးအေးဆေးဆေး စိမ်ပြေနပြေစားသောက်ပြီးစီးသွားကာမှ ကောင်းကင်လက်မှုအတတ်ပစ္စည်းဆိုင်သို့ ထွက်ခွာခဲ့ကြသည်။

ကောင်းကင်လက်မှုအတတ်ပစ္စည်းဆိုင်မှ ခေါင်းဆောင်က သူ့ကိုမြင်သောအခါ တရိုတသေကြိုဆိုနှုတ်ဆက်သော်လည်း မျက်နှာအမူအရာမှာမူ ပျက်ရွင်းနေလျက်ရှိ၏။

ထို့နောက်တွင်မတော့ စုန်ချင်ရှစ်သိရှိသွားရသည့်၊ သူတို့စာထဲ၌ရေးသားထားသည့် " အမှားလုပ်မိမည်ကို စိုးရွံ့မိပါသည် " ဟုဆိုလိုချက်မှာ သူလိုချင်သည့်အရာကို သူတို့တစ်လုံးမှနားမလည်နေသည့်အတွက် လက်မှုပညာရှင်များ ရူးသွားတော့မယောင်ဖြစ်နေကြခြင်းပင်...

" ဒါက အဏုကြည့်မှန်ပြောင်း၊ ဖောက်ထွင်းမြင်နိုင်တဲ့ စမ်းသပ်ဖန်ပြွန်ချောင်း၊(အပူအအေးထိန်း)ဓာတ်ဘူး၊ ပေါင်းခံစက်၊ အချဥ်ဖောက်စက်၊ လေဖိအားတိုင်းကိရိယာ၊ အနီအောက်ရောင်စဥ်တိုင်းကိရိယာ... "စုန်ချင်ရှစ်လည်း ဘာပြောရမှန်းမသိဖြစ်နေခဲ့သည်။ သူတို့တွေ ဘယ်အပိုင်းကိုနားမလည်နေမှန်း သူမသိချေ။ ပြောရမယ်ဆိုရင် mass spectrometers နဲ့ liquid chromatographs တို့လိုမျိုး ခက်ခက်ခဲခဲကိရိယာတွေကိုတောင် သူ မှာယူထားခဲ့တာမဟုတ်။ အားလုံးက ရိုးစင်းလွန်းသော ပစ္စည်းများဖြစ်သည်သာ။
" အဏုကြည့်မှန်ပြောင်းဆိုတာ အဆများများအကျယ်ချဲ့လို့ရပြီး ဘက်တီးရီးယားတွေကို မြင်နိုင်တဲ့ မှန်ဘီလူး..."

ဒီမှန်ဘီလူးနဲ့ ဘက်တီးရီးယားဆိုတာတွေက ဘာကြီးတွေလဲ? လူတွေကို နောက်ယောင်ခံလိုက်ဖို့နဲ့ သတ်ဖို့အတွက် သုံးတာလား?

သူရှင်းပြသည်များကို ‌နားထောင်နေရင်း လက်မှုခေါင်းဆောင်မှာ ပို၍ပင်ခေါင်းရှုပ်လာခဲ့ပြီး လောကကြီးကိုပင် စတင်သံသယဖြစ်လာတော့သည်...

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now